MNP ၊ အောက်တိုဘာ ၆
မွန်ပြည်နယ်၊ပေါင်မြို့နယ်အတွင်း ဝါဆို၊ဝါကပ်တော်မူကြသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအားဆွမ်းဆန်၊ဆီနှင့်လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းပွဲကို ယမန်နေ့က ဝါရီရူခန်းမ၌ ကျင်းပြုလုပ်သည်။
အခမ်းအနားသို့ ပေါင်မြို့နယ် သံဃာ့နာယကဥက္ကဌ၊ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသ နှင့် ပင့်သံဃာတော် ၂၁ ပါးတို့အား ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်နှင့် ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ဇနီးများ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦး၊ ပေါင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကို၊ မြို့မိ/ဖအလှူရှင်များနှင့် ဌာနဆိုင်ရာဖိတ်ကြားထားသူများက ပေါင်မြို့နယ်အတွင်းရှိ မြို့နယ်သူ/သားများမှ စုပေါင်းလှူဒါန်းမှုများအတွက်ရေစက်ချ အနုမောဓနာတရားချီးမြင့်ခြင်းများဆောင်ရွက်ခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု ၃ ကြိမ်ရွတ်ဆို၍ စုစုပေါင် (၁၀၀) ဦးတက်ရောက်ခဲ့ကြာင်း သိရသည်။
ပေါင်မြို့နယ်အတွင်းရှိ ဘုန်းကြီး ကျောင်း ၃၂၈ ကျောင်းမှ ရဟန်း ၂၄၉၇ ပါး၊ သာမ ဏေ ၁၀၂၁ ပါး၊ ပေါင်း ၃၅၁၈ ပါး၊ သီလရှင်ကျောင်း ၅၂ ကျောင်းမှ သီလရှင်ပေါင်း ၃၀၀ ပါး၊ ကျောင်းပေါင်း ၃၈၀ ကျောင်းအတွက် ပြည်နယ်အစိုးရမှ ဆန်အိတ် ၃၀ အိတ်၊ ပေါင်မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် အလှူရှင် ဒေသခံပြည်သူများမှ ဆန်အိတ် ၅၀၄ အိတ်၊ ဆီ ၁၆၂ ဗူးနှင့် အခြားလှူဘွယ်ပစ္စည်းများ၊ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁၆၆သိန်း ကျော်ခန့်အား လှူဒါန်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment