ရပ်/ကျေး အဆင့်ထိ ကွင်းဆင်းပြီး ထိတွေ့ဆက်ဆံရေးနှင့် ပုဂ္ဂိုလ်စွဲမရှိပဲ ပါတီအောင်နိုင် ရေးကို အဓိကဦးစားပေးဆောင်ရွက်ရန် ဦးခင်ရီ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်/ကျေး အဆင့်ထိ ကွင်းဆင်းပြီး ထိတွေ့ဆက်ဆံရေးနှင့် ပုဂ္ဂိုလ်စွဲမရှိပဲ ပါတီအောင်နိုင် ရေးကို အဓိကဦးစားပေးဆောင်ရွက်ရန် ဦးခင်ရီ ပြောကြား





MNP ၊ အောက်တိုဘာ ၂၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး (၈/၂၀၂၂)ကို  အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၀၀၀ အချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌ ဦးခင်ရီက ရပ်/ကျေး အဆင့်ထိ ကွင်းဆင်းပြီး ထိတွေ့ဆက်ဆံရေးနှင့် ပုဂ္ဂိုလ်စွဲမရှိပဲ ပါတီအောင်နိုင် ရေးကို အဓိကဦးစားပေးဆောင်ရွက်ရန် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက လက်တွေ့ဆောင်ရွက်ရမည့် (၃)လစီမံချက်တွင်ပါဝင်သော "ပါတီဝင်အင်အား၊ ဝန်းရံအင်အား စာရင်းမှန်ကန်ရေးနှင့် တိုးပွားရေး၊ အသွင်သစ်နှင့်ဆက်ဆံရေး၊ ပါတီပုံရိပ် လူပုဂ္ဂိုလ်ပုံရိပ် မြှင့်တင်ရေး၊ ပါတီဝင်သစ်များ လေ့ကျင့်ပညာပေးရေး၊ Smart Party ဖြစ်ရေး၊ ရပ်/ကျေး အဆင့်ထိ ကွင်းဆင်းပြီး ထိတွေ့ဆက်ဆံရေး၊ အုပ်စုစွဲ ပုဂ္ဂိုလ်စွဲမရှိပဲ ပါတီအောင်နိုင် ရေးကို အဓိကဦးစားပေးရေး၊ ဥပဒေပိုင်းဆိုင်ရာများ သိရှိနားလည်အောင် လေ့လာ ဆည်းပူးရေး၊ တန်းတူရည်တူ ဆက်ဆံရေး၊ မီဒီယာကဏ္ဍ အလေးထားရေး၊ ပါတီဝင်များ လုံခြုံရေး၊ အကူအညီလိုအပ် နေသူများအား ကူညီထောက်ပံ့ရေး၊ ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်း နယ်ပယ်(၈)ရပ် " စသည်တို့ကို အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် စည်းရုံးရေးဌာနကြီးတာဝန်ခံမှ ပါတီတွင်း၌ တာဝန်ပေးအပ်ရန် ကျန်ရှိနေသည့် နေရာများအတွက် ဆန္ဒသဘောထားရယူခဲ့ရာ အတည်ပြုသဖြင့်  ဖြည့်စွက်ခန့်အပ်ခြင်း အတည်ပြုကြောင်း တင်ပြခဲ့ကြောင်း၊ တက်ရောက်လာသော တိုင်းဒေသကြီး/ပြည်နယ်ပါတီဥက္ကဋ္ဌများ က မိမိတို့နယ်မြေအလိုက် ဆောင်ရွက်ချက်၊ လိုအပ်ချက်များကို တင်ပြခဲ့ကြပြီး  ပါတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်းတို့မှ ဖြည့် စွက်ဆွေးနွေးမှာကြားကြပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ပါတီဗဟိုအလုပ်အမှု ဆောင် (၄၁) ဦး တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် ဥက္ကဋ္ဌများမှာ Zoom Meeting ဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)