MNP - အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ဌာနဆိုင်ရာများ စုပေါင်း၍ (၂၇)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်အား အောက်တိုဘာ(၄) ရက်နေ့ နေ့လည်(၁)နာရီတွင် သီရိသာသာနာ့ဓမ္မာရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စုပေါင်းဘုံကထိန် ပွဲတော်အားစည်ကား သိုက်မြိုက်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ စက်ရုံ/အလုပ်ရုံများ၊ အစိုးရ/ပုဂ္ဂလိကဘဏ်များ၊ ပုဂ္ဂလိကအသေးစားချေးငွေလုပ်ငန်းများက ပူးပေါင်း၍ကထိန်ဉတ်မကြီးနှင့် ဉတ်မကြီးပဒေသာပင်အတွက် စုပေါင်းလှူဒါန်းနိုင်ရေး၊ သီးသန့် လှူဒါန်းမည့်ပဒေသာပင်များ ပါဝင်လှူဒါန်းနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့တက်ရောက်လာကြသည့် အလှူရှင်များမှ ကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင် ရေး ပါဝင်လှူဒါန်းသွားမည်း အကြောင်းအရာများအား ပြန်လည် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment