မြို့နယ်စုပေါင်း မဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး တွံတေးမြို့နယ်၌ လုပ်ငန်းညှိနှိုင်း ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်စုပေါင်း မဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး တွံတေးမြို့နယ်၌ လုပ်ငန်းညှိနှိုင်း ဆွေးနွေး

 


MNP - အောက်တိုဘာ  ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်.တွံတေးမြို့နယ်၏ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး စစ်ကြောင်းလှုပ်ရှားမှုအနေဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေးနှင့်ဌာနဆိုင်ရာများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီမိနစ် ၃၀ က တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အစည်းအဝေးသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့် အဖွဲ့ဝင် (၂) ဦးဝင်းမြင့်. အဖွဲ့ဝင် (၃) ဦးဝင်းမြင့်ဦး၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဝင်းကျော်၊ ဌာဆိုင်ရာများ၊ ရွှေဆံတော်ဘုရားဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ. တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်မှ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး၊ ကထိန်မရသည့်ကျောင်းများ ကထိန်ရရှိရေး၊ မသိုးသင်္ကန်းကပ်လှူပူဇော်နိုင်ရေး၊ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်နိုင်ရေး၊ ပဒေသာပင်အလှူရှင်များရရှိရေး၊ လှူဖွယ်ဝထ္တု ဆက်ကပ်နိုင်ရေးကိစ္စရပ်များ၊ ပွဲတော်ကာလများအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပနိုင်ရေးအပါအဝင် ဌာနဆိုင်ရာများတွင် ရုံးများ၌ ဝင်/ထွက်မှတ်တမ်းများ ထားရှိရေးလုံခြုံရေး အထူးဂရုပြုနေထိုင် သွားလာနိုင်ကြရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဖွဲ့ဝင်(၂)ဦးဝင်းမြင့်ဦးမှ ဆွေးနွေးရာတွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် အစီအစဉ်အတိုင်း ကျင်းပပြုလုပ်နိုင်လျှင်သင့် လျော်ပါကြောင်း၊ လိုအပ်သည့် အလှူရှင်များရရှိရေး၊ နေရာထိုင်ခင်းစီစဉ်နိုင်‌ရေး၊ ဂေါပကအဖွဲ့များနှင့်ပူးပေါင်း၍‌ ဆောင်ရွက်သွားနိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူးမှ ဆွေးနွေးရာတွင် ပွဲတော်ကျင်းပနိုင်ရေးအတွက် လိုအပ်သည့်လုံခြုံရေး ကိစ္စရပ်များနှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၏ လုံခြုံရေးကိစ္စရပ်များ အထူးဂရုပြုဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။


ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများမှ ပဒေသာပင်လှူဒါန်းနိူင်ရေး၊ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်နိုင်ရေး၊ မသိုးသင်္ကန်းကပ်လှူပူဇော် နိုင်ရေး ကိစ္စရပ်များတို့ကို  ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - တွံတေးသား


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)