သာကေတမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းစဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းစဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ



MNP - အောက်တိုဘာ  ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ယနေ့နံနက်(၈:၀၀)နာရီ အချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။


ရှေးဦးစွာ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိဦးမင်းမင်းတို့မှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၅၀)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးဇော်ဝင်းထွန်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးတိုးတိုးသိန်းနှင့် တာဝန်ရှိ သူများက သင်တန်းဆင်းလက်မှတ်နှင့် တူညီဝတ်စုံများ ပေးအပ်ခဲ့သည်။


အဆိုပါ သင်တန်းအား အောက်တိုဘာ(၃)ရက်နေ့မှ စတင်ကာ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနေဝင်းထွန်းနှင့် သင်တန်းနည်းပြ(၄)ဦးတို့မှ လက်နက်မဲ့ စစ်ရေးပြ ဘာသာရပ်၊ မီးငြိမ်းသတ်ရေ းဘာသာရပ်၊ အခြေခံရှာဖွေရေး ဘာသာရပ်နှင့် ရှေးဦးပြုစုခြင်း ဘာသာရပ်များအား အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၅၀) ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။    


သတင်း - ဆောင်းနှင်းဖြူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)