မာန်အောင်မြို့နယ်၌လူကုန်ကူးမှုစီစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌လူကုန်ကူးမှုစီစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်လှစ်





MNP ၊ အောက်တိုဘာ၁၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် လူကုန်ကူးမှု စီစစ်ဖေါ်ထုတ်ခြင်း ရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်၁၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ထွဋ်မှ အဖွင့်အမှာစကားပြောကြားရာတွင်လူကုန်ကူးမှု စီစစ်ဖော်ထုတ်ရေးလုပ်ငန်း တာဝန်များကို ပညာပေးသင်တန်းပို့ချပေးခြင်း ဖြင့်လူကုန်ကူးမှုဆိုင်ရာ အသိပညာတိုးပွားပြီး အများပြည်သူများကို ဝိုင်းဝန်းစည်းရုံးပေးခြင်းဖြင့် လူမှောင်ခိုကူးသူများစိမ့်ဝင်ထိုးဖေါက်လာမှု အားတားဆီးနိုင်မည်ဖြစ်ကြောင်း သင်တန်းကို စိတ်ဝင်စားစွာ တက်ရောက်စေလိုကြောင်းပြောကြားသည်။

အဆိုပါ သင်တန်းတွင် အမှတ်(၅)လူကုန်ကူးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု(စစ်တွေ)မှရဲအုပ်သန်းဌေးနှင့်ရဲတပ်ကြပ်ကြီးသက်ထွန်းတို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့်ရပ်/ကျေး စာရေး သင်တန်းသား(၅၀)ဦးတို့အားအောက်တိုဘာ၁၈ရက်မှ၁၉ရက်နေ့ထိနေ့စဉ် နံနက်၁၁နာရီမှညနေ၃နာရီထိ ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းသင်တန်းဖွင့်ပွဲသို့ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ဇော်ထွဋ်၊မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူးအောင်သန်းဝင်း၊မြို့နယ်တရားသူကြီးဦးဖြိုးစည်သူ၊မြို့မရဲစခန်းမှူး ဒုရဲမှူးစိုးထွန်းနိုင်နှင့် ရပ်မိ၊ရပ်ဖများ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များတက်ရောက်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)