ကျွန်းလှမြို့နယ်၌ အားကစားနှင့် လူငယ်ရေးရာ အသိအညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ အားကစားနှင့် လူငယ်ရေးရာ အသိအညာပေးဟောပြောပွဲကျင်းပ

 



MNP - အောက်တိုဘာ  ၂၇


အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ကျင်းပကြောင်း သိရသည်။


ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးစိုးက အမှာစကားပြောကြားပြီး မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက ကျောင်းသား၊ ကျောင်းသူများအား အားကစား၏အဓိပ္ပါယ်၊ အားကစားနည်းအမျိုးအစားများ၊ အားကစားလေ့ကျင့်လိုက်စားခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ အားကစားသိပ္ပံ ရွေးချယ်ရေးနှင့် တက်ရောက်ရေးအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့နယ်အားကစားမှူး‌က ကျောင်းအတွက် ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ဖူဆယ် အားကစားပစ္စည်းများလှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး အေရိုးဗစ်၊ Myanmar Fitness Dance အကများဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြောင်း သိရသည်။


သတင်း - မျိုးဝင်းညို 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)