မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်းဆံတော်ရှင် ကျိုက္ခမီ‌ရေလယ်ဘုရားကြီး၌ အဘိဓမ္မာအခါတော်နေ့ မင်္ဂလာအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်းဆံတော်ရှင် ကျိုက္ခမီ‌ရေလယ်ဘုရားကြီး၌ အဘိဓမ္မာအခါတော်နေ့ မင်္ဂလာအခမ်းအနားတက်ရောက်



MNP -  အောက်တိုဘာ   ၉


မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ တည်ရှိသည့်ဆံတော်ရှင် ကျိုက္ခမီ‌ ရေလယ်ဘုရားကြီး၌ အဘိဓမ္မာအခါတော်နေ့ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ် လပြည့်နေ့ ယနေ့နံနက် (၆) နာရီ  အချိန်၌ဆံတော်ရှင် ကျိုက္ခမီ‌ရေလယ်ဘုရားကြီး သာသနာ့ ဗိမာန်တော် ခန်းမ‌ဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကျိုက္ခမီရေလယ်ဆံတော်ရှင် မြတ်ဘုရားကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း၊‌ ရွှေသင်္ကန်းများ ကပ်လှူပူဇော်၍ အလှူငွေများ ပေးအပ်လှူဒါန်းကာ သာသနာ့ဗိမာန်တော်၌ ဆရာတော် သံဃာတော်များအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပြည်နယ်၊ ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆံတော်ရှင်ကျိုက္ခမီ ရေလယ်ဘုရားကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များမှ အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။


ဆက်လက်ပြီး အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရား ပူဇော်ဖွင့်လှစ်ပြီး မျှော်ချင့်ပဏ္ဌကန်တော့လွှာဖြင့် အဘိဓမ္မာအသင်းက ရွတ်ဆိုပူဇော်ကန်တော့ ကာ ကျိုက္ခမီဘာဂအသင်းက နတ်ဗြဟ္မာ များအားပင့်ဖိတ်ပြီး အေးရိပ်သာ မန္တလေး ကျောင်းတိုက်ဆရာတော် ဦးဝိသုတာစာရထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်ကြီး များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈယ်ချီးမြှင့်ပေးရာ မွန်ပြည်နယ် ဝန်ကြီးချုပ်  မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကျိုက္ခမီရေလယ်ဘုရားဘဏ္ဍာတော်ထိန်း‌ ဂေါပကအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဆရာတော်များထံမှ အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်းပြီးအဘိဓမ္မာ အခါတော်နေ့ မင်္ဂလာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


ဆံတော်ရှင် ကျိုက္ခမီရေလယ်ဘုရားကြီး၌ ဘုရားပွဲတော်ကို သီတင်းကျွတ် လပြည့်နေ့မှ လပြည့်ကျော် ၅ ရက်နေ့ထိ ‌ကျင်းပပြုလုပ်ပေးလျက်ရှိရာ ဒေသခံပြည်သူများ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုသူများဖြင့် အထူး စည်ကားလျက်ရှိကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)