ကာလိမြို့၌ ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကာလိမြို့၌ ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပ

 

18


MNP - အောက်တိုဘာ   ၁၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ ကာလိမြို့တွင် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပြည်ထောင်စုလမ်း ကာလိလမ်းပိုင်း မြို့တွင်းလမ်းတလျှောက်၌ ယနေ့နံနက် (၆) နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ သည်။


အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှုပြု၍ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် (၃) ကျောင်းမှ သံဃာ(၃၅၀)ပါး ကြွရောက်အလှူခံတော်မူခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းနှင့် အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့မှ မိသားစုဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့သူ/မြို့သားများ၊ ဈေးသူ/ဈေးသားများနှင့် စေတနာရှင် အလှူရှင်များက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ဆပ်ပြာ၊ အချိုရည်၊ ဖယောင်းတိုင်၊ အမွှေးတိုင် စသည့်လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြသည်။


ထိုသို့မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲတွင် ဆရာတော်အရှင်သူမြတ်များ အေးချမ်းစွာ အလှူခံကြွရောက်တော်မူနိုင်ရန် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကုသိုလ်ပြု လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ထင်ထင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages