MNP ၊ အောက်တိုဘာ ၂၈
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ရေးအဖွဲ့ဝင်များအား လူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ်(၅) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု၊ စစ်တွေမြို့မှ ရဲအုပ်သန်းဌေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းတင် ရိုက်ကူးခဲ့ကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီးသင်တန်းကို ဖွင့်လှစ်ခဲ့ရာ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် မြို့ပေါ်ကျောင်းများမှ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment