သီပေါမြို့နယ်တွင် (၁၂၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာသံဃဒါန ဆွမ်းကြီးလောင်းလှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် (၁၂၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာသံဃဒါန ဆွမ်းကြီးလောင်းလှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၁၂


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ မြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးတွင်(၁၂၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာသံဃဒါန ဆွမ်းကြီးလောင်းလှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲရေစက်ချမင်္ဂလာအခမ်းအနားကို  ယနေ့နံနက် (၅) နာရီက အကျဉ်းချုံးကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဆရာတော်သံဃာတော်များမှ မဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်     မင်္ဂလာနှင့်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် မြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၃၂)ကျောင်းမှပဓာန နာယက ဆရာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ပစ္စည်း၊ ဝတ္ထုငွေများလောင်းလှူခြင်းများကို လှူဒါန်းခဲ့ကြ ကြောင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သီပေါမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းကြီးလောင်းလှူပွဲကို နှစ်စဉ်အစဉ်အလာမပျက် ကျင်းပခဲ့ရာ ကူးစက်ပြင်းထန် ကိုဗစ်-၁၉ကပ်ရောဂါ အန္တရာယ်ကြောင့် (၂)နှစ်ခန့်ရပ်နားခဲ့ရပြီး ယခုနှစ်တွင် ကိုဗစ်-၁၉ရောဂါအား အတန်အသင့် ထိန်းချုပ်လာနိုင်ပြီး ကူးစက်ထိခိုက်မှု မပြင်းထန်တော့သဖြင့် မြို့နယ်ဆရာတော်သံဃာတော်အရှင်သူမြတ်များ၏ ဩဝါဒခံယူ၍ သီပေါမြို့၏ ထင်ရှားသော အစဉ်အလာပွဲကြီးအား ထိန်းသိမ်းသောအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ အကျဉ်းချုံးကျင်းပပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၃၂)ကျောင်းမှ ရဟန်း၊ သာမဏေ၊ စုစုပေါင်း သံဃာတော် (၁၈၀၃)ပါးတို့အတွက် ကျောင်းတိုက်များ၏ ဦးစီးပဓာန နာယက ဆရာတော်(၃၂)ပါးတို့ကို ပင့်ဖိတ်၍ လှူဒါန်းပူဇော်ခြင်းဖြစ်ကြောင်း၊ လှူဒါန်းမှုစုစုပေါင်း ငွေကျပ်(၁၄၄) သိန်း ကျော်ခန့်လှူဒါန်းနိုင်ခဲ့ကြောင်း  မြို့နယ်ပွဲတော် ကျင်းပရေးကော်မတီမှ သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)