ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ရိက္ခာနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ရိက္ခာနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

 






MNP ၊ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တန့်ဆည်မြို့နယ် ကျွန်းလှမြို့နယ် ပြည်သူ့စစ်(ဋ္ဌာနေ)တပ်ဖွဲ့ဝင်များအား ရိက္ခာနှင့်ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဆရာတော်ဦးဝါသဝ က "နိုင်ငံတော်ကနေ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြတဲ့ ပြည်သူတွေကို ထောက်ပံ့ပေးတာပါ။ ဘုန်းကြီးတို့ဘက်မှာက အေးချမ်းသွားပြီလို့လည်း မပြောနိုင်သေးဘူး။ KIA, PDF အကြမ်းဖက်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေက ရှိနေသေးတယ်။ ပြည်သူ့စစ်အင်အားနဲ့ ရပ်ရွာတွေကို ကာကွယ်နေကြရတယ်။ နိုင်ငံတော်တာဝန်တွေကို တစ်ထောင့်တစ်နေရာကနေ ပူးပေါင်းဆောင်ရွက်နေကြတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို နိုင်ငံတော်က အခုလို ထောက်ပံ့ချီးမြှင့်ပေးတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။" ဟု ဆရာတော်က မိန့်ကြားသည်။

ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ရိက္ခာနှင့် ဂုဏ်ပြုဆုငွေချီးမြှင့်ပွဲ အခမ်းအနားသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တည်ငြိမ်အေးချမ်းရေးအတွက် ဦးဆောင်ပေးနေသော ဆရာတော်သံဃာတော်များနှင့် ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်များမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လှည့်လည်ဆောင်ရွက်လျက်ရှိသော ဆရာတော်ဦးဝါသ အား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ၃၀-၉-၂၀၂၂ ရက်နေ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဆရာတော်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ထိခိုက်ခဲ့ခြင်းမရှိပေ။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆရာတော် ဦးဝါသဝ က "ဒကာတော် PDF တွေ၊ ဒကာမ PDF တွေ၊ အကြမ်းဖက်လှုံ့ဆော်တဲ့ လေလှိုင်းပေါ်က လူသတ်သမား Infinity Group တို့ ရွှေဘို၊ ကျွန်းလှ တက်ကြွလှုပ်ရှားတို့ အကြမ်းဖက်လှုံ့ဆော်သူမှန်သမျှ မှော်တော်ဆရာတော် ကျန်းကျန်းမာမာ နဲ့ ချမ်းချမ်းသာသာ ရှိပါကြောင်း၊ အကြမ်းဖက်လှုံ့ဆော် ခေတ်သစ်မီဒီယာ၊ BBC ၊ VOA ၊ RFA လူသတ်သမား လူလိမ် လူညာတွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ။ PDF မ၊ PDF ထီးတွေလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေဗျာ" ဟု မေတ္တာပို့သထားသည်။

ဆရာတော်ဦးဝါသဝ အား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက သုံးကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ဆရာတော် ဦးဝါသဝ အား ထိခိုက်ခဲ့ခြင်း မရှိဘဲ ဆရာတော်မှာ ရွာစဉ်လှည့်လည်၍ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ကြိုးပမ်းဆောင်ရွက်နေဆဲ ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)