စလင်းမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြခံလူတန်းစားအိမ်ထောင်စု (၇၀၀)သို့ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြခံလူတန်းစားအိမ်ထောင်စု (၇၀၀)သို့ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

 



MNP - အောက်တိုဘာ   ၂၀


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ မြင်တင်ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အတွင်းရှိ မိုးလုံလေလုံအားကစားရုံခန်းမဆောင်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က အခြေခံလူတန်းစားအိမ်ထောင်စု (၇၀၀)သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


စလင်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ စာကြည့်တိုက်ခန်းမဆောင်တွင် မကွေးတိုင်း‌‌ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်တို့မှ စာကြည့်တိုက်အတွင်းကြည့်ရှုခဲ့ကာ ကျောင်းသား၊ ကျောင်းသူ ကလေးများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျောင်းနေအရွယ်ကလေးတိုင်း စာဖတ်ခြင်း၏အကျိုး ကျေးဇူးများနှင့်ပတ်သက်၍ ကျောင်းသားမောင်မယ်များအား ကျောင်းနေတော်၍ စာပျော်ကြပြီး အသိပညာ ဗဟုသုတများတိုးပွားလာပြီး ပညာတတ်မှအသိပညာ၊ ဉာဏ်ပညာများတိုးတက်လာမည်ဖြစ်ကြောင်းဖြင့် မိမိတို့ဝါသနာပါရာ အတတ်ပညာများကို ဆည်းပူးလေ့လာကြရန်နှင့် လူချွန်လူကောင်းကလေးများ ပေါ်ထွက်လာနိုင်ကြစေရန် စာကိုကြိုးစာသင်ယူကြရန် မှာကြားခဲ့သည်။


ထိုမှတစ်ဖန် စလင်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ မိုးလုံ  လေလုံအားကစားရုံးခန်းမအတွင်း အခြေခံလူတန်းစားအိမ်ထောင်စု (၇၀၀) သို့ အခြေခံစားသောက်ကုန် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် ရှေးဦးစွာမကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်မှ အခြေခံစားသောက်ကုန်ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်တို့မှ အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့သည်၊ ထို့နောက် စလင်းမြို့နယ် ဆန်စက်/ ဆီစက် လုပ်ငန်းရှင်များမှ အိမ်ထောင်စု (၂၀၀)ဦးတို့အား ထပ်ဆောင်းပံ့ပိုးလှူဒါန်းရန်အတွက် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ အသင်းကိုယ်စား မြို့မိမြို့ဖဦးအေးဟန်ချိုမှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့်အလှူရှင်များက ကျန်ရှိနေသည့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)