ဂွမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ရေးအဖွဲ့ဝင်များအား လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ရေးအဖွဲ့ဝင်များအား လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်း အခမ်းအနားကျင်းပ

 



MNP - အောက်တိုဘာ  ၂၉


ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ရေးအဖွဲ့ဝင်များအား လူကုန်ကူးမှု စိစစ်ဖော်ထုတ် ခြင်း ရက်တိုသင်တန်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး အမှတ်(၅) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု၊ စစ်တွေမြို့မှ ရဲအုပ်သန်းဌေး က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းတင် ရိုက်ကူးခဲ့ကာ အခမ်း အနားရုပ်သိမ်းခဲ့ကြောင်း သိရ သည်။


ဆက်လက်ပြီး သင်တန်းကို ဖွင့်လှစ်ခဲ့ရာ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ စာရေးများနှင့် မြို့ပေါ်ကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)