ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ဇုန်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ဇုန်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

 




MNP - အောက်တိုဘာ   ၇


၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ရှမ်းပြည်နယ်ဇုန်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစား ကွင်း၌ ကျင်းပသည်။ ဆုချီးမြှင့်ပွဲ၌ ဗိုလ်လုပွဲအဖြစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အသင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ဆီဆိုင်မြို့နယ်အသင်းမှ အနိုင်ရဗိုလ်စွဲ သွားကြောင်း သိရသည်။


ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ တတိယဆုရရှိသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု ကျပ်(၃)သိန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ပေးအပ်၍လည်းကောင်း၊ ဒုတိယဆုရရှိသော တာချီလိတ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၅)သိန်းကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက လည်းကောင်း၊ Man of The Match ဆု ရရှိသူနှင့် အကောင်းဆုံးဂိုးသမားဆုရရှိသူကို ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုက ဆုတံဆိပ်နှင့် ငွေသားကျပ်(၅)သောင်းကို ချီးမြှင့်ပေး၍လည်းကောင်း၊ အနောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်း အကောင်းဆုံးဆု၊ ရှေ့တန်း အကောင်းဆုံးဆု၊ ပွဲစဉ်တလျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသား ကျပ် (၅)သောင်းစီကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းလိတ်တို့ကချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသော ဆီဆိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်ကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်ကလည်းကောင်း၊ ထပ်ဆောင်းဆုကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကျပ်ငွေ(၁)သိန်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ထပ်ဆောင်း ကျပ်ငွေ(၂)သိန်းပေးအပ်၍လည်းကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပထမဆုရ ဆီဆိုင်အသင်းအား ငွေသားကျပ်(၈)သိန်းနှင့် ဆုဖလား တို့ကိုချီးမြှင့်ပေးကြကြောင်း သိရသည်။


သတင်း - အင်းသားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)