၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပုသိမ်မြို့နယ်စာစစ်ဌာနများ၌ ပြင်ပဖြေများ ဝင်ရောက်ဖြေဆိုနိုင်ရန် အသိပေးကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပုသိမ်မြို့နယ်စာစစ်ဌာနများ၌ ပြင်ပဖြေများ ဝင်ရောက်ဖြေဆိုနိုင်ရန် အသိပေးကြေညာ





MNP - အောက်တိုဘာ   ၁၅


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပမှဝင်ရောက် ဖြေဆိုမည့်သူများ သင်ကြားသင်ယူမှုအဆင်ပြေစေရန်နှင့်အောင်ချက်မြင့်မားရေးအတွက် ရည်ရွယ်ကာစာသင်ဌာန(၁၀)ခုဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။


စာသင်ကြားမှုကို ၁၅.၁၀.၂၀၂၂ ရက်နေ့မှစတင်ကာတစ်ပတ်လျှင် စနေ၊တနင်္ဂနွေ(၂)ရက်၌တစ်ရက်လျှင် သုံးဘာသာကို ဝါရင့်ဆရာ/ဆရာမကြီးများဖြင့် သင်ကြားပြသသွားရန် စီစဉ်ထားရှိပြီးဖြစ်သည်။ ပုသိမ်မြို့၊ အ.ထ.က(၃)စာသင်ဝိုင်းတွင် ပုသိမ်မြို့ပေါ်ရှိ (၁၅)ရပ်ကွက်နှင့် ကြက်ပေါင်ကျေးရွာ၊ ဘုရားကြီးကုန်း၊ ပေါက်ကုန်း၊ သူတော်ကုန်း၊ကမ်းနီ၊ တိုက်ကြီးကုန်း၊ လင်းကွင်းကြီး ကျေးရွာအုပ်စုရှိ ကျောင်း သား/သူများ တက်ရောက်ကြရန်၊ ပုသိမ်မြို့အ.ထ.က.(၇ ) စာသင်ဝိုင်းတွင် နတခ (တပ်တွင်း)ရှိ ကျောင်းသား /သူများ၊ ဝါးယားချောင်းကျေးရွာ၊ ဇင်ပြွန်းကုန်းကျေးရွာတို့မှကျောင်းသား/သူများတက်ရောက်ကြရန်၊ အ.ထ.က (ရွှေမြင်တင်) စာသင်ဝိုင်းတွင် ရွှေမြင်တင်ကျေးရွာ အုပ်စုရှိကျောင်းသား/သူ များတက်ရောက်ရန်၊ အ.ထ.က (ငွေဆောင်) စာသင်ဝိုင်းတွင် ငွေဆောင်မြို့ပေါ်ရပ်ကွက်များ၊ ဆင်မကျေးရွာ အုပ်စု၊ ရှောက်ချောင်းကျေးရွာအုပ်စုရှိ ကျောင်းသား/သူ များတက်ရောက်ကြရန်၊ အ.ထ.က (ချောင်းသာ) စာသင်ဝိုင်း တွင် ချောင်းသာမြို့ပေါ်ရပ်ကွက်ရှိ ကျောင်းသား/သူများ၊ အ.ထ.က. (သလပ်ခွာ)စာသင်ဝိုင်းတွင် သလပ်ခွာကျေးရွာအုပ်စု၊ မဒေါ့ကုန်းကျေးရွာ အုပ်စုမှ ကျောင်းသား/သူများတက်ရောက်ကြရန် အ.ထ.က (အုန်းချောင်း) ရွှေသောင်ယံမြို့ပေါ်ရပ်ကွက်ရှိ သဘော့ကန်ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာအုပ်စုရှိ ကျောင်းသား/သူများတက်ရောက်ကြရန်၊ အ.ထ.က (မကျည်းဇင်)စာသင်ဝိုင်းတွင် မကျည်းဇင်ကျေးရွာ အုပ်စု၊  ဘောမိကျေးရွာအုပ်စု၊ ကုလားချောင်းကျေးရွာအုပ်စုတို့ မှကျောင်းသား/သူများတက်ရောက်ရန်၊ အ.ထ.က(ရှောပြာ)စာသင်ဝိုင်းတွင် ရှောပြာကျေးရွာအုပ်စုအတွင်းရှိ ကျောင်းသား/သူများ တက်ရောက်ကြရန်နှင့် အ.ထ.က(ခွဲ)သဇင်စာသင်ဝိုင်းတွင် သဇင်ကျေးရွာအုပ်စုရှိ ကျောင်း သား/သူ များတက်ရောက် နိုင်ကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြေညာထားရှိပြီးဖြစ်ကြောင်း သိရသည်။ ကျောင်းသား/သူ များအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ စာသင်ကြားမှုဌာနများတွင် တက်ရောက်ကာ ကြိုးစားအားထုတ်မှုဖြင့် မိမိတို့၏ ဘဝကို မြင့်မားတိုးတက်အောင် စွမ်းဆောင်နိုင်ကြရန် ယခုကဲ့သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)