MNP - အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ကျေးရွာများရှိ ဆီထွက်သီးနှံနေကြာ စိုက်ပျိုး ထုတ်လုပ်မည့် တောင်သူများအား မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဖျာပုံခရိုင်၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လင်းက မိမိတို့ခရိုင်အတွင်းရှိ ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စာသုံးဆီများ ဖူလုံစေရေး အတွက် ဆီထွက်သီးနှံနေကြာ ထုတ်လုပ်စိုက်ပျိုးမည့် တောင်သူများကို အချိန်မီ စိုက်ပျိုးနိုင်ရေး မျိုးစေ့များ ပေးအပ်ရခြင်းဖြစ်ပြီး တောင်သူများ စိုက်ပျိုးမှုအဆင်ပြေစေရေးအတွက် ဓာတ်မြေသြဇာနှင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီးရာ သီးနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များက အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ က ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မည့် ကျေးရွာအုပ်စု (၈)စုရှိ တောင်သူ(၂၂၈)ဦး၏ စိုက်ပျိုးမြေ ဧက(၃၀၀)အတွက် ဆီထွက်သီးနှံမျိုးစေ့များကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူ ကိုယ်စားလှယ်အား သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
သတင်း - အေဇာလင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment