MNP ၊ အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေး ကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေး အခြေခံလူဦးရေစာရင်းအား တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က အမှတ်( ၃) ဈေးရပ်ကွက် ၌ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြီး ကြပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြိုနယ်ထွေထွေအုပ် ချုပ်ရေးဦးဌာနမှ ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေး၊ မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာ န မှ တာဝန်ရှိသူများ၊ အမှတ် (၃ )ဈေးရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင်များ စာရေးဝန်ထမ်း ပူးပေါင်းအဖွဲ့ဖြင့် အခြေခံ လူဦးရေစာရင်းအား မြေပြင်၌မှန်ကန်စေရေးအတွက် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းကို တစ်အိမ် တက် တစ်အိမ်ဆင်း ကွင်းဆင်း၍တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment