မိုးညိုမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲပြုလုပ်





MNP - အောက်တိုဘာ  ၂၉


အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။


သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲထွဋ်အောင်က အရန်မီးသတ် တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ရေး စွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ခေတ်မီအဆင့်မြင့် မီးငြှိမ်း သတ်ရေးပစ္စည်းကရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်စေရန် အတွက် အဆင့်မြင့်မီးငြှိမ်းသတ်ရေးနည်းစနစ်များကို လက်တွေ့လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ မီး‌ဘေးအပါအဝင် အခြားသဘာဝ‌ဘေးများ ကြုံ‌တွေ့လာပါက ကူညီကယ်ဆယ်‌ရေးလုပ်ငန်းများတွင်လည်း တက်တက်ကြွကြွပူး‌ပေါင်းပါဝင်‌ဆောင်ရွက်သွားနိုင်ရေး သင်တန်းဆင်းအမှာစကားပြောကြားသည်။       


‌ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက သင်တန်းဆင်းအရန်မီးသတ်တပ်ဖွဲ့ဝင်များ (ကိုယ်စား) အရန်မီးသတ် ဒုတပ်ခွဲမှူး ဦးဝင်းနိုင်အား တူညီဝတ်စုံ များပေးအပ်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲထွဋ်အောင်က သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သင်တန်းသား(၃)ဦးအား ဆုများချီးမြှင့်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်း ရေးမှူး ရဲမှူး ဝင်းကျော်ကျော်လွင်က နှစ်သိမ့်ဆုရရှိသော သင်တန်းသားတစ်ဦးအား ဆုပေးအပ်ချီးမြှင့်ခြင်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူးရုံး (စခန်းမှူး) ဒုမီးသတ်ဦးစီးမှူး ကျော်ရဲအောင်က သင်တန်းဆင်းလက်မှတ်များ‌ ပေးအပ်ခဲ့သည်။


အဆိုပါ သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာန ဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ပြီး သင်တန်းကို အောက်တိုဘာ(၃)ရက်နေ့မှ (၂၈)ရက်နေ့ထိ သင်တန်းသား(၅၀)ဦးအား လက်နက်မဲ့စစ်ရေးပြ၊ မီးသတ်ပညာရပ်ဆိုင်ရာ ကိစ္စများ၊ ရှာဖွေကယ်ဆယ်ရေးပညာရပ်ဆိုင်ရာကိစ္စများ၊ ပြန်လည်လေ့ကျင့်ခြင်းနှင့် ဆွေးနွေး ခြင်း ဘာသာရပ်များအား သင်ကြားပို့ချခဲ့ကြောင်း သိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)