သာကေတမြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ




MNP - အောက်တိုဘာ  ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဇော်ဝင်းထွန်းမှ အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အုန်းဝင်းမှ ”၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၌ သင်ရိုးသစ်ပြဋ္ဌာန်းချက်ပါ သင်ခန်းစာများအား ပေါက်မြောက်အောင် သင်ကြားနိုင်ရေး၊ ပညာရေးဝန်ထမ်းများ အရည်အသွေးမြင့်မားစေရေး၊ ဆရာ၊ဆရာမများအား တီထွင်ဆန်းသစ်မှု မြင့်မားလာစေရေး၊ အရည်အသွေးရှိသော ပညာရေးကဏ္ဍ ဖြစ်ထွန်းမြင့်မားလာစေရေးစသည ရည်ရွယ်ချက်နှင့်အညီ အကောင်အထည်ဖော်နိုင်ရေးအတွက် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားစေရန် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း” ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အုန်းဝင်း၊ ဒုမြို့နယ် ပညာရေးမှူး ဦးလှထွန်း၊ ဒေါပုံမြို့နယ် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်တင်တင်လေးတို့မှ စီမံခန့်ခွဲမှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ ပညာရေးကဏ္ဍဘာသာရပ်များကို နံနက် ၉ နာရီမှ ညနေ ၄:၃၀ နာရီအထိ ကဏ္ဍအလိုက် ဆွေးနွေးပို့ချမည်ဖြစ်ပြီး အောက်တိုဘာ ၂၉ရက်မှ ၃၀ရက်ထိ နှစ်ရက်ကြာ ဖွင့်လှစ်မည့် အလုပ်ရုံဆွေးနွေးပွဲ၌  မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းအုပ်ကြီး ၁၂ဦး၊ မူလတန်းကျောင်းအုပ်ကြီး ၄၆ ဦးတို့မှ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


သတင်း - ဆောင်းနှင်းဖြူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)