စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာတွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာတွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး





MNP ၊ အောက်တိုဘာ   ၅

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် (၈)နာရီက စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ နွယ်ရုံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့် အမှတ် (၂)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးသန့်ဇင် ဦးစီး၍ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ  ဆန်(၁)ပြည် ၁၆၀၀ ကျပ်နှုန်းဖြင့် ဆန် ၂၀ အိတ်၊ ဆီ(၁)ပိဿာ ၆၄၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၂၂၀ ၊ ကြက်ဥ(၁)လုံး ၁၆၀ ကျပ်နှုန်းဖြင့် ၃၀၀၀ လုံး၊ ကြက်သွန်နီ ၁ ပိဿာ ၃၅၀၀ ကျပ်နှုန်းဖြင့် ၂၁၀ ပိဿာ၊ အာလူး ၁ ပိဿာ ၁၉၀၀ ကျပ်နှုန်းဖြင့် ၁၈၀ ပိဿာ၊ ခရမ်းချဉ်သီး ၁ ပိဿာ  ၂၁၀၀ နှုန်းဖြင့် ၄၄ ပိဿာ တို့အား ကျေးလက်နေပြည်သူ ၁၅၀၀ ဦး ထံသို့ ရောင်းချပေးနိုင်ခဲ့သည်။

စဉ့်ကူးမြို့နယ်တွင် မြို့ပေါ်ရှိရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိကျေးရွာများသို့ ဈေးနှုန်းချိုသာစွာ ဆက်လက်ရောင်းချ‌နိုင်ရေး၊ ပြည်သူများ လက်ဝယ်အရောက် ဝယ်ယူနိုင်ရေး စနစ်တကျ စီမံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)