MNP ၊ အောက်တိုဘာ ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့အင်္ဂါရပ်နှင့်အညီ ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှစေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့၊ နံနက်ပိုင်းက မြို့မရပ်ကွက် ၊သဒ္ဓမ္မမေဒနီ ဘုန်တော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များ၏ ဦးဆောင် ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အခြားဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းကာ မြို့မရပ်ကွက် ၊သဒ္ဓမ္မမေဒနီ ဘုန်တော်ကြီးကျောင်းပတ်ဝန်းကျင်ရှိ မြက်များ၊ အမှိုက်သရိုက်များအား သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ ချုံနွယ် ပေါင်းပင်များအားခုတ်ထွင်ရှင်းလင်း ခြင်းများဆောင်ရွက်ခဲ့ကြကြောင်းနှင့်
ထိုသို့သန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment