မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပွင့်နေခြည်ဇာတ်သဘင်အဖွဲ့အား ထောက်ပံ့ငွေ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပွင့်နေခြည်ဇာတ်သဘင်အဖွဲ့အား ထောက်ပံ့ငွေ ပေးအပ်




MNP ၊ အောက်တိုဘာ ၁၂

အောက်တိုဘာ ၅ ရက်နေ့က မြဝတီအာရှလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ သဘင်အစည်းအရုံးဝင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ပွင့်နေခြည်ဇာတ်အဖွဲ့အား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မွန်ပြည်နယ် အစိုးရအဖွဲ့ အောင်ဆန်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဌာနဆိုင်ရာများနှင့် ပြည်နယ်အတွင်းရှိ သဘင်အဖွဲ့အစည်းဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပွင့်နေခြည် သဘင်အဖွဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ ဇာတ်သဘင်အဖွဲ့သည် လူအများကို လိမ္မာအောင် ယဉ်ကျေး သိမ်မွေ့အောင် ပျော်ရွှင်အောင်ဖျော်ဖြေပေးရသည့် ကုသိုလ်အလုပ်ဖြစ်ကြောင်း၊ ပြည်နည်အစိုးရအဖွဲ့အနေဖြင့် သေဆုံးသူဒဏ်ရာရသူများအတွက် လိုအပ်သည့်များကို ကူညီဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်းပြောကြားသည်။


ဆက်လက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပွင့်နေခြည်သဘင်အဖွဲ့မှ သေဆုံးသူ ၁၂ ဦးအတွက် ထောက်ပံ့ငွေ ၂၄ သိန်း၊ ဒဏ်ရာရသူ ၁၆ ဦးအတွက် ထောက်ပံ့ငွေ ၁၆ သိန်း စုစုပေါင်း သိန်း၄၀ ကို ထောက်ပံ့ပေးအပ်ရာ ပြည်နယ်သဘင်အစည်းအရုံးဝင် ဦးတင်ဝင်းမှ လက်ခံရယူပြီး မော်လမြိုင်မြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးဆန်းလင်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)