ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဟိန်းမောင်မြင့်မှ ကျောင်းကုန်းမြို့နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဟိန်းမောင်မြင့်မှ ကျောင်းကုန်းမြို့နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်



MNP - အောက်တိုဘာ   ၇


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်ခန့်က ဂုန်မင်းအုပ်စု၊ ဂုန်မင်းကျေးရွာရှိ သာသနဇောတိက ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


တွေ့ဆုံပွဲတွင် ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဟိန်းမောင်မြင့်၊ ကျောင်းကုန်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်တို့ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းမှ အဖွဲ့(၁)သည် ဂုန်မင်းအုပ်စုရှိ ပြည်သူ့ လုံခြုံရေးအဖွဲ့ (၅၇)ဦးနှင့် ပြည်သူ (၄၀၈)ဦး၊ စုစုပေါင်း(၄၆၅)ဦးတို့နှင့် တွေ့ဆုံ၍ ဂုန်မင်းကျေးရွာနေ ပြည်သူများ အား လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များအား ဆွေးနွေးပြောကြားပြီး စားသုံးဆီဖူလုံစေရေး နေကြာကို စိုက်ပျိုးကြဖို့လိုကြောင်း၊ ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ဆိုင်ကယ်စီးနင်း/ မောင်းနှင်ရာတွင် မေးသိုင်းကြိုးပါသော ဦးထုပ် ဆောင်းပြီး မောင်းနှင်စေရေး၊ နှစ်ယောက်ထက် ပိုမစီးစေရေး စသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာစေရန်၊ ည(၁၂)နာရီမှ နံနက်(၄)နာရီအချိန်ထိ ဒေသန္တရအမိန့် ထုတ်ပြန်ထားကြောင်း အသိပညာ‌ ပေး ဟောပြောခဲ့ကြသည်။


ဟောပြောပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် သိရှိ လိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် ကျောင်းထိုင် ဆရာတော်အား ဆွမ်းဆန်(၁)အိတ်၊ ကြက်ဥ နှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)