ပုသိမ်မြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေး အလံပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေး အလံပေးအပ်



MNP - အောက်တိုဘာ   ၇


(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် ဧရာဝတီတိုင်း ဒေသကြီး ကိုယ်စားပြု အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊တိုင်းဒေသ ကြီးကိုယ်စားပြုပြိုင်ပွဲဝင် များနှင့် ဖိတ်ကြား ထားသူများ  တက်ရောက်အားပေးခဲ့ကြသည်။


ဦးစွာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်၊ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများပြုလုပ်၍ အရည် အချင်းပြည့်မီသူများအား စနစ်တကျ ရွေးချယ်စခန်းသွင်း လေ့ကျင့်ပေးခဲ့ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ပညာရှင်များ၊ အကဲဖြတ်ဒိုင်များ၏ အကြံပြုသုံးသပ်ချက်များကို ကောင်းစွာ နာယူမှတ်သားလိုက်နာပြီး ပြိုင်ပွဲဝင် သွားရမှာဖြစ်ပါကြောင်း၊ တစ်ဦးချင်းပြိုင်ပွဲများတွင် မိမိတို့၏ ပြိုင်ပွဲဝင်ဘာသာရပ်အား ကျွမ်းကျင်ပိုင်နိုင်စွာ ယှဉ်ပြိုင်နိုင်ရေး၊ အဖွဲ့လိုက်ပြိုင်ပွဲများတွင် စည်းလုံးညီညွတ်မှု၊ အပေးအယူမျှတမှုရှိစေရေး၊ ပံ့ပိုးသူများအနေဖြင့် လည်း မိမိတို့ပြိုင်ပွဲဝင်အတွက် အကောင်းဆုံး ဖြစ်စေရေး ကြိုးစားဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ (၂၂) ကြိမ်မြောက် ဗဟိုအဆင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင် ၁၂၅ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ် ဆုရရှိမှုတန်းစီဇယား စတုတ္ထနေရာရရှိခဲ့ပါကြောင်း၊ (၂၃)ကြိမ် မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၉၃ ဦးဖြင့် ပြိုင်ပွဲဘာသာရပ်များအား ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယခင်နှစ်ထက် အောင်မြင်မှုများ ပိုမိုရရှိစေရေး ကြိုးစားဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ပြိုင်ပွဲဝင် ကာလတစ်လျှောက်လုံး ကျန်းမာရေးအထူးဂရုပြုကြရန်နှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုတံဆိပ်များစွာရရှိ၍ အောင်ပွဲနှင့်အတူ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ရေး ပြိုင်ပွဲဝင်များ၊ နည်းပြအုပ်ချုပ်အဖွဲ့ များ ဝိုင်းဝန်းကြိုးပမ်းကြရန်” ပြောကြားသည်။


ဆက်လက်၍ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များ၏ ဝါသနာရှင် (ဒုတိယတန်း) ခေတ်ဟောင်းကာလပေါ်၊ ဝါသနာရှင် (ဒုတိယတန်း)အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ အဆင့်မြင့်ပညာ ခေတ်ဟောင်း ကာလပေါ်၊ အခြေခံပညာ (၁၅-၂၀) ခေတ်ဟောင်းကာလပေါ်တေးများဖြင့်လည်းကောင်း၊ အခြေခံပညာ (၁၀-၁၅) တစ်ဦးချင်း အက များကိုလည်းကောင်း၊ ဝါသနာရှင်ဒုတိယတန်းဆိုင်းတစ်ဦးချင်း၊ ဝါသနာရှင် ဒုတိယ တန်းစောင်း၊ အဆင့်မြင့်ပညာ ဂီတာ၊ အခြေခံပညာ(၁၅-၂၀) မယ်ဒလင်၊  အခြေခံပညာ (၁၀-၁၅)စန္ဒရား၊ အခြေခံပညာ(၁၅-၂၀)ဆိုင်းအဖွဲ့လိုက်တို့၏ အနုပညာ စွမ်းရည်များ ပြသမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က  (၂၃) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေး အလံနှင့် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်သည်။ ယင်းနောက် တေးရေးဆရာ ဦးသန်းရှိန် ရေးစပ်သီကုံးသည့် လက်တွဲညီညီရှေ့သို့ချီ သီချင်းသီဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ တိုင်းဒေသကြီး ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ၊ နည်းပြအုပ်ချုပ်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)