ဖလမ်းမြို့၌ ဒုတိယအကြိမ် ပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖလမ်းမြို့၌ ဒုတိယအကြိမ် ပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး



MNP - အောက်တိုဘာ   ၈


ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွက်ကဲမှုအောက် (ဟားခါးတပ်နယ်) တို့၏ ကြီးကြပ်ကွက်ကဲမှုဖြင့် ဒုတိယအကြိမ်ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီက ဖလမ်းမြို့၊ ဖါရ်ထောက် ရပ်ကွက်၊ မြို့တော်ခန်းမရှေ့တွင်ကျင်းပရာ ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီး ဝင်းဇော်လတ်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မိုးနိုင်၊ အဖွဲ့ဝင်လုဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးရေချမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်မျိုးထွဋ်၊ အတွင်းရေးမှူး ရဲမှူး မျိုးဝင်းနှင့်ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။


ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေးအထောက်အကူဖြစ်စေရန်နှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ဆန်၊ ဆီ၊ ဆား ကြက်သွန်၊ ကုလားပဲ၊ အမဲသား၊ ဝက်သား၊ ကြက်သား၊ ကြက်ဥစသည်ဖြင့် အခြေခံစားသောက်ကုန် ပစ္စည်း(၁၆) မျိုးကို ရောင်းချပေးခဲ့ရာ ဆန်(၂)ပြည်-၄၆၀၀/-ကျပ်၊ ပဲဆီ(၅၀)ကျပ်သား-၆၀၀၀/-ကျပ်၊ နေကြာဆီ(၅၀) ကျပ်သား-၅၂၀၀/-ကျပ်၊ ကြက်ဥ(၁၀)လုံး-၂၀၀၀/-ကျပ်၊ အမဲသား(၁) ပိဿာ ၉၆၀၀/-ကျပ်၊ ဝက်သား(၁)ပိဿာ ၉၆၀၀/-ကျပ်၊ ကြက်သား(၁)ပိဿာ ၉၆၀၀/-ကျပ်၊ ကုလားပဲ (၁)ပိဿာ ၄၀၀၀/-ကျပ် စသည်ဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။


 သတင်း - ကိုရှိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)