မြစ်သားမြို့နယ်အတွင်း မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူများ၏ လိုအပ်ချက်ဖြည့်ဆည်းရန်အတွက်ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့နယ်အတွင်း မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူများ၏ လိုအပ်ချက်ဖြည့်ဆည်းရန်အတွက်ကွင်းဆင်းဆောင်ရွက်



MNP - အောက်တိုဘာ   ၁၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းနှင့်ဒေသခံပြည် သူများတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီအချိန်က မြစ်သားမြို့နယ် ရွာရှည် ကျေးရွာအုပ်စု ကံသစ် ကျေးရွာ (အမက) စာသင်ကျောင်းအတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း  သိရသည်။


ရှေးဦးစွာ မြိုု့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဘိုဘိုအောင်က နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက် (၉)ရပ်တို့ကို အကောင်ထည်ဖော် ဆောင်ရွက်နေမှုများရှင်းလင်းဆွေးနွေးသည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများက မိမိဌာနအလိုက်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး လက်ညှိးထိုးကျေးရွာနေ ဦးပြည့်မှ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ကံသစ်ကျေးရွာနေဦးစိန်ညွှန့်မှ ရွာလယ်လမ်းမှာမိုးရာသီ လမ်းသွားလာရေး‌ ကောင်းမွန်မှုမရှိပါသဖြင့်  ကွန်ကရစ်လမ်း  ခင်းပေးစေလိုကြောင်း၊ မြောင်းတဘက်တွင် အိမ်ခြေ(၂၅)အိမ်ရှိပြီး ဆက်သွယ်ရေး ကောင်းမွန်စေရန် တံတားတည်ဆောက်ပေးနိုင်ရေး၊ ကံသစ်ကျေးရွာနေ ဦးမောင်ကိုမှ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်ရာအိမ်မှူးမရှိပါသဖြင့် လိုအပ်သော အစည်းအဝေး၊သာရေး/နာရေး ကိစ္စများတွင်  အခက်အခဲများရှိပါသဖြင့်  အုပ်ချုပ်ရေးအဖွဲ့ဝင် ( ၁ )ဦးခန့်ထားနိုင်ရေးနှင့် ကံသစ်ကျေးရွာနေ ဦးအောင်ကျော်မင်းမှ မြေသြဇာဈေးများ အဆမတန်မြင့်တက်နေ၍ မြို့နယ်မှ ကူညီဆောင်ရွက်ပေးစေလိုကြောင်း  အသီးသီးဆွေးနွေးတင်ပြရာ  တက်ရောက်လာသည့် ဌာနဆိုင်ရာ  တာဝန်ရှိသူများကပြန်လည်ဆွေးနွေးခဲ့ကြသည်။ဆက်လက်၍ မြို့နယ်လဝကဦးစီးမှူးဦးအောင်ကျော်မိုးမှ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားများ ပြုလုပ်ရာတွင် အခက်အခဲရှိပါက ယခုလိုတွေ့ဆုံပွဲများ၌ ဒေသခံပြည်သူ များအနေနှင့် ကိုယ်တိုင်လာ‌‌ရောက်တွေ့ဆုံဆွေးနွေးနိုင်ကြောင်း ရှင်းလင်းပြောကြားပြီး ဌာနမှထုတ် ဝေသည့်“မှတ်ပုံတင်ပြုလုပ်ရာ တွင်လိုအပ်ချက်ဆိုင်ရာ” လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။


ထို့နောက် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို မြိုု့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူမှလိုအပ်သည်များကို ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 သတင်း - ရဲနိုင်ဦး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)