ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်(လားရှိုး)၏ ဝန်ထမ်းများစွမ်းရည်မြင့်မားရေး(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်(လားရှိုး)၏ ဝန်ထမ်းများစွမ်းရည်မြင့်မားရေး(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ



MNP - အောက်တိုဘာ   ၁၃


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်(လားရှိုး)၏ ဝန်ထမ်းများစွမ်းရည်မြင့်မားရေး(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနားကို Viedo Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးစိုးညွှန့်ရွှေက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် “ယခုကဲ့သို့ စွမ်းရည်မြင့်သင်တန်းဖွင့်လှစ်ရခြင်းမှာ ရှမ်းပြည်နယ်အတွင်းရှိ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေး၊ ထူးချွန်ထက်မြက်သော ဝန်ထမ်းကောင်းများပေါ်ထွန်းလာစေရေး လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချမည့်ဘာသာရပ်များအား စိတ်ဝင်စားစွာဖြင့် သင်ယူလေ့လာစေလိုကြောင်း၊ သင်ခန်းစာများအား လက်တွေ့လုပ်ငန်းနယ်ပယ်များတွင် အသုံးချနိုင်သည်အထိ ကြိုးစားသင်ယူစေလိုကြောင်း ပြောကြားခဲ့သည်။


အဆိုပါသင်တန်းတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ ရုံးစာရေးသားနည်ဘာသာရပ်၊ ငွေစာရင်းထိန်းသိမ်းနည်ဘာသာရပ်၊ နိုင်ငံဝန်ထမ်းဥပဒေ/နည်းဥပဒေများ၊ နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ၊ ပြည်သူ့စာကြည့်တိုက်လုပ်ငန်း၊ သတင်းရေးသားခြင်း၊ သတင်းဓာတ်ပုံ/ ဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်းဘာသာရပ်များကို Online စနစ်ဖြင့် တွဲဖက်ပြည်နယ်မှူး၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများက (၁၃-၁၀-၂၀၂၂)ရက်နေ့မှ (၁၇-၁၀-၂၀၂၂)ရက်နေ့အထိ(၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ခရိုင်/ မြို့နယ်/ မြို့ရုံးများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၅၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)