မြောက်ဥက္ကလာပမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ




MNP - အောက်တိုဘာ  ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် မီးသတဦးစီးမှူးရုံး၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် ‌မြောက်ဥက္ကလာပ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


 အခမ်းအနားကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦး‌အောင်လောဟာ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြထွန်းကျော်၊ မြို့နယ်လဝက ဦးစီးမှူးဦး‌အောင်ကျော်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်စုံ၊ မြို့နယ်အရန် မီးသတ်ဒုတိယတပ်ရင်းမှူးနှင့် တပ်ခွဲမှူးများ၊ သင်တန်းနည်းပြဆရာ များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။


သတင်း - သိင်္ဂီပြည့်ဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)