ပဲခူးမြို့တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



MNP - အောက်တိုဘာ  ၂၉


ပဲခူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မာရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(၁) သီရိပညာခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးလွင်က "အခြေခံပညာဦးစီးဌာန (ရုံးချုပ်)မှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပညာရပ်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများအား စနစ်သစ်ပညာရေးမှာ နိုင်ငံတော်က ချမှတ်ထားသော မဟာဗျူဟာများ၊ နှစ်တို၊ နှစ်ရှည်စီမံကိန်းများ၊ မူဘောင်အတွင်းကနေ မိမိကျောင်းရှိဆရာ/ ဆရာမများ၊ ကျောင်းသား/သူများကို စနစ်တကျစီမံခန့်ခွဲ့နိုင်မှသာလျှင် အရည်အချင်းရှိ၊ အရည်အသွေးရှိပြီး၊ တွေးခေါ်မြော်မြင်နိုင်စွမ်းရှိတဲ့ လူသားအရင်းအမြစ်တွေကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်မှုသည် ကျောင်းအုပ်ကြီး များ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက် အလုပ်တာဝန်များ၊ စည်ကမ်းများကို တန်ဖိုးထားလိုက်နာကာ ဆရာကျင့်ဝတ်များနှင့်အညီ အနာဂတ်လမ်းပြသူများဖြစ်အောင် ကြိုးစားကြရန်" စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။


အဆိုပါ သင်တန်းတွင် စီမံ၊ ဘဏ္ဍရေး၊ ပညာ၊ စီမံကိန်း၊ ကွန်ပျူတာ/ ICTနှင့် ကာယပညာဘာသာရပ်များ၊ ပြပွဲပြိုင်ပွဲ/စာကြည့်တိုက်၊ စာရင်းအင်းနှင့်ကြီးကြပ် အကဲဖြတ်ခြင်းဆိုင်ရာပညာရပ်တို့ကို ပို့ချသွားမည် ဖြစ်သည်။ သင်တန်းသို့ ပဲခူးမြို့နယ်အတွင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စုစုပေါင်း (၂၅၁)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၉ ရက်မှ ၃၀ ရက်နေ့ထိ (၂)ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုတွတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)