သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) တွင် ကျောက်တန်းမြို့နယ် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) တွင် ကျောက်တန်းမြို့နယ် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား




MNP - အောက်တိုဘာ  ၉


၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာလ (၉) ရက်နေ့သည်  ဝါလကင်းလွတ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ဗုဒ္ဓဘာသာဝင် ပြည်သူများသည် တာဝတိံသာနတ်ပြည်၌ မယ်တော်သန္တုသိတနတ်သားအား အမှူးထား၍ အဘိဓမ္မာဒေသနာတော် ဟောကြားတော်မူပြီး တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွချီလာသော မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ထွန်းညှိ ပူဇော်သော နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည်။


ထိုသို့သော နေ့ထူးနေ့မြတ်၌ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီးတွင် ၁၃၈၄ ခုနှစ်သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) နံနက်ပိုင်းတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့မြင်ရသည်။


ကျောက်တန်းမြို့နယ် ကျိုက်မှော်ဝန်းရေလယ်စေတီတော်အား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးထားလျက်ရှိကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)