နတ်မောက်မြို့၌ ရှေးဦးပြုစုခြင်းအခြေခံအဆင့် သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့၌ ရှေးဦးပြုစုခြင်းအခြေခံအဆင့် သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ

 



MNP - အောက်တိုဘာ   ၁၇


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ယမန်နေ့နေ့လယ် (၃)နာရီအချိန်က ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၂)သင်တန်းဆင်းပွဲကျင်းပခဲ့သည်။


အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးသန်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူး ဦးမျိုးဆွေက သင်တန်းကာလအတွင်း ပျက်ရက်မရှိ တက်ရောက်ကြသည့် သင်တန်း/ သူများအား ကျေးဇူးတင်ရှိပါကြောင်း၊ နေရာတိုင်းမှာ အမြဲကူညီ လူတိုင်းအတွက် ကြက်ခြေနီဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထား၍ ဆောင်ရွက်စေလိုကြောင်း၊ သဘာဝဘေးအန္တရာယ်တွေ့ကြုံလာပါက ဒေသခံပြည်သူလူထုအား အသက်အန္တရာယ်ကင်းဝေးစေရန်အတွက် သင်တန်းသား/ သူများအနေဖြင့် သင်တန်းမှ လေ့လာသင်ယူခဲ့ရသည့် အခြေခံရှေးဦးပြုစုနည်းပညာရပ်များကို လက်တွေ့အကျိုးရှိရှိ အသုံးချကူညီဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လက်သန့်ဆေးရည်ဘူးများအား မြို့နယ်ပြန်/ ဆက်ဦးစီးဌာနနှင့် အခြေခံပညာကျောင်းများသို့ ပေးအပ်လှူဒါန်းခဲ့ပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသား/သူများအား ဆုများချီးမြှင့်ခဲ့သည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲက သင်တန်းကာလအပြီးတိုင်အထိ တက်ရောက်လာကြသည့် သင်တန်းသား/ သူ(၅၀)ဦးတို့အား တာဝန်ရှိသူများက သင်တန်းဆင်း  လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - လှဝင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)