ပြင်ဦးလွင်မြို့တွင် ဆန်၊ ဆီ၊ ဆားနှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပြင်ဦးလွင်မြို့တွင် ဆန်၊ ဆီ၊ ဆားနှင့် ကြက်ဥများ ထောက်ပံ့လှူဒါန်းပွဲကျင်းပ

2


MNP - အောက်တိုဘာ ၃         


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းကြီးမှ ကြီးမှူး၍ အသင်းသား/အသင်းသူများနှင့်  မြို့သူ / မြို့သားများအား (ပဉ္စမ) အကြိမ်မြောက် ဆန် ၊ ဆီ ၊ ဆား နှင့် ကြက်ဥများအား  ထောက်ပံ့လှူဒါန်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အဆိုပါအသင်းကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။


ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းကြီးမှ ပြင်ဦးလွင်မြို့ရှိ အသင်းသား/သူများနှင့်  စားဝတ် နေရေးခက်ခဲနေသာ  မြို့သူ/မြို့သားများ အဆင်ပြေချောမွေ့စေရန်အတွက် အောက်တိုဘာ (၁) ရက် နေ့မှစတင်ပြီး စေတနာရှင်ပြည်သူများမှ  စုပေါင်းလှူဒါန်းခဲ့သော ကျပ်သိန်း (၂၀၀) ခန့် တန်ဖိုးရှိသော   အိမ်ထောင်စုတစ်စုလျှင် ဆန် (၄) ပြည်၊  စားဆီ  (၅၀) သား ၊ ကြက်ဥ (၁၀) လုံးနှင့် ဆားတို့ကို  အိမ်ထောင်စုဦးရေ (၁၀၀၀) စုခန့်တို့အား ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းကြီးမှ ဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများက ပြည်သူများလက်ဝယ်အရောက် အသီးသီးထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြပြီး နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။


ဆက်လက်ပြီး ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းကြီးမှ ဥက္ကဋ္ဌဦးထွန်းထွန်းက မိမိတို့အသင်းကြီးအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးနှင့်ဘက်ပေါင်းစုံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သလောက် အင်တိုက်အားတိုက် ဆောင်ရွက်နေတာဖြစ်ပြီး ယခုလိုလှူဒါန်းမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages