၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

 



MNP - အောက်တိုဘာ   ၁၄


၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟားခါးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကား ပြောကြားသည်။ 


အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မြန်မာနိုင်ငံသည် ပထဝီ တည်နေရာ ရေမြေအနေအထားတို့အရ ရာသီဥတုနှင့်ဆက်စပ်သည့် သဘာဝဘေးအန္တရာယ် အများဆုံး ဖြစ်ပေါ်ခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးအနက် မိုးကာလသည် သဘာဝဘေးပိုမိုဖြစ်ပွားလေ့ ရှိကြောင်း၊ ဘေးအန္တရာယ်များ၏ သဘောသဘာဝအရ မဖြစ်ပွားစေရေး တားဆီး၍ မရနိုင်သော်လည်း ဘေးအန္တရာယ်များ၏ သက်ရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန် ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ဘေးလျော့ပါးရေး စသောနည်းလမ်းများဖြင့်  စီမံဆောင်ရွက်ကြရပါကြောင်း၊ ကြိုတင် ပြင်ဆင်ရေးနည်းလမ်းသည် အဓိကကျသော လုပ်ငန်းဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း သဘာဝဘေး လျော့ပါးရေး လုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်သည့် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ကြိုတင် သတိပေးခြင်းလုပ်ငန်းများကို အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်နေကြသည်ကို မြင်တွေ့ရပါ ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျော့ပါးသက်သာ စေရေးအတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကို ပြည်နယ်အဆင့်မှသည် ကျေးရွာအဆင့်အထိ ဖွဲ့စည်းဆောင်ရွက်လျက် ရှိရာ ချင်းပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှာတော့ ချင်းပြည်နယ်ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ဆောင်ရွက်ပြီး လုပ်ငန်းအဖွဲ့များ ထပ်မံဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချင်းပြည်နယ်တွင် မီးဘေး၊ လေဘေး၊ မြေပြိုဘေး၊ တိုက်ပွဲရှောင်ဘေးစသည့် ဘေးများ အများဆုံးဘေးများ ဖြစ်ပွားပြီး ၂၀၂၀−၂၀၂၁၊ ၂၀၂၁−၂၀၂၂နှင့် ၂၀၂၂−၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း မီးဘေး (၂၃)ကြိမ်၊ လေဘေး (၁၅)ကြိမ်၊ ရေဘေး (၁)ကြိမ်၊ သီးနှံပျက်စီးမှု(၂)ကြိမ်၊ မြေပြိုဘေး(၉)ကြိမ်၊ တိုက်ပွဲရှောင် (၉)ကြိမ်၊ မိုးကြိုးပစ် ဘေး( ၁)ကြိမ်၊ မိုင်းနင်းဘေး (၈)ကြိမ်၊ သေနတ်ထိမှန် (၂)ကြိမ်၊ ဗုံးပေါက်ကွဲမှု (၁)ကြိမ်၊ စုစုပေါင်း (၇၁)ကြိမ် ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ဒါ့အပြင် သဘာဝဘေးလျော့ပါးရေးနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ မူဘောင်၊ ဆိုင်ဒိုင်းပါပန်းတိုင်များ ပြည့်မီနိုင်ရေး ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်သွားရန် မိမိတို့ ယခုလက်ရှိ ဆောင်ရွက်နေတဲ့ဏ္ဍရပ်တွေမှာ သဘာဝလျော့ပါးရေး လုပ်ငန်းစဉ်များကို ထည့်သွင်းဆောင်ရွက် ရုံသာမက ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များအတွက် ကိုပါ ကြိုတင်ထည့်သွင်း ဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရေး အတွက် မိမိကျရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။


ထို့နောက် ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်လျော့ချရေးနေ့ အခမ်းအနားအတွက် ဗီဒီယိုကလစ်ပြသပြီး ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်တို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊  ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဆုရရှိသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။


သတင်း -မောင်ထွန်းတောက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)