တပ်ကုန်းမြို့၌ (၂၁)ကြိမ်မြောက် ဝါတွင်းကာလ သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ (၂၁)ကြိမ်မြောက် ဝါတွင်းကာလ သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲ ကျင်းပ

 



MNP - အောက်တိုဘာ   ၈


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ပရိယတ္တိစာသင် တိုက်များတွင် ဝါဆိုဝါကပ်တော်မူကြသော ရဟန်း၊ သံဃာ၊ သာမဏေများအား ဆွမ်း၊ ဆွမ်းဟင်းနှင့် ဘောစဉ်များ အဆင်ပြေစေရန်အတွက် မြို့နယ်တာဝန်ရှိသူများ ကြီးကြပ်၍ မြို့မ (၆)ရပ်ကွက် ရက်အလှည့်ကျအစီအစဉ်ဖြင့်  မြို့နယ်တာဝန်ရှိသူများ၊ ရပ်ကွက်စေတနာရှင် ပြည်သူများက နှစ်စဉ်ဝါတွင်း ကာလတစ်လျှောက် ဆွမ်း၊ ဆွမ်းဟင်းနှင့် ဘောစဉ်များ လောင်းလှူပေးလျက်ရှိရာ (၂၁)ကြိမ်မြောက် ဝါတွင်းကာလ သံဃာ့ဒါနဆွမ်းလောင်းလှူခြင်း အောင်ပွဲကို ယနေ့နံနက် ၅ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပခဲ့သည်။


ထိုဆွမ်းလောင်းလှူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များက နာယကဆရာတော်ကြီးများအား အာရုံဆွမ်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ကျောင်းပေါင်း (၃၂)ကျောင်း၊ နာယကဆရာတော်၊ ရဟန်း၊ သံဃာနှင့်သာမဏေများ စုစုပေါင်း (၅၁၆)ပါးတို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စတင်၍ မြို့တွင်းရန်ကုန်-မန္တလေး ကားလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် ဗုဒ္ဓသာသနာပြုဗိမာန်တော်ဝန်းအတွင်းထိ ဆွမ်းအလှူခံကြွချီတော် မူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဝန်ထမ်းများ၊ မြို့တွင်း ရန်ကုန်-မန္တလေးကားလမ်းနှင့် ဗိုလ်ချုပ်လမ်းဘေး ဝဲ/ယာစေတနာရှင် ပြည်သူများက ဆွမ်း၊ ဆွမ်းဟင်းနှင့်ဘောစဉ်များလောင်းလှူ လှူဒါန်းခဲ့၍ (၂၁)ကြိမ်မြောက် ဝါတွင်းကာလ သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲ အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - တင်စိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)