မုဒုံမြို့နယ်ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်၏ (၁၄၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုရာလှေလှော်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ်ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်၏ (၁၄၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုရာလှေလှော်ပြိုင်ပွဲကျင်းပ




MNP - အောက်တိုဘာ   ၉


မွန်ပြည်နယ်  မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ သမိုင်းဝင် ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၄၈) ကြိမ်မြောက် သီတင်းကျွတ်လပြည့် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပသည်။


ရှေးဦးစွာ ကန်ကြီးစေတီသြဝါဒစရိယဆရာတော် ဘဒ္ဒန္တကေတုဝါရနှင့် ဂေါပကအဖွဲ့ဝင်များက အထင်ကရကန်ဖြစ်သည့်  ကန်ကြီးမင်္ဂလာကန်တော်အား  ရှိခိုးဦးတိုက်ကန်တော့ပြီး ပြိုင်ပွဲကိုစတင်ခဲ့ရာ မုဒုံမြို့ပေါ်ရပ်ကွက်များမှ ရွှေဘိုလှေလှော်သင်းနှင့် မတူရင်မတုနဲ့ လှေလှော်အသင်းတို့က ပထမပွဲစဉ်အဖြစ် ယှဉ်ပြိုင်လှော်ခက်ခဲ့ကြရာ ပြိုင်ပွဲတွင် လှေလှော်အသင်း ခြောက်သင်းတို့မှ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။


ဆက်လက်၍ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆုနှင့် နှစ်သိမ့်ဆုအသီးသီးရရှိသော အသင်းများကို ယာဝဘောဇနကျောင်းဆရာတော်၊ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ ကန်ကြီးစေတီတော် ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သားငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)