မင်းပြားမြို့၌ ပညာရေးဖောင်ဒေးရှင်း၏ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းပြားမြို့၌ ပညာရေးဖောင်ဒေးရှင်း၏ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ



MNP - အောက်တိုဘာ  ၂၉


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်  အခြေခံပညာကျောင်းများ၌ ၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၁၊၂၀၂၂ခု ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို  ထူးချွန်စွာ အောင်မြင်သူများအား မြို့နယ်ပညာရေးဖောင်ဒေးရှင်း၏ မင်းပြားမြို့ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လောကမုနိပြည်လုံးချမ်းသာဓမ္မာရုံတွင်  ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မင်းပြားမြို့နယ် ပညာရေးဖောင်ဒေးရှင်း နာယကဆရာတော်ကြီးများမှ အဖွင့်အမှာစကား မိန့်ကြားကြသည်။ ဆက်လက်ပြီး မင်းပြားမြို့နယ် ပညာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က ရှင်းလင်းပြောကြားရာတွင် ၂၀၁၉-၂၀၂၀နှင့်၂၀၂၁-၂၀၂၂ခု ပညာသင်နှစ် တွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကို အတုယူ၍ နောင်လာမည့် ကျောင်းသား/သူများအား ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်သော သားကောင်းရတနာများ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက် ၍ ၂၀၁၉-၂၀၂၀နှင့်၂၀၂၁-၂၀၂၂ခုပညာသင်နှစ် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ တစ်ဘာသာ(၆၅)ဦး၊ နစ်ဘာသာ(၅၉)ဦး၊ သုံးဘာသာ(၃၅)ဦး၊ လေးဘာသာ(၁၈)ဦး၊ ငါးဘာသာ (၆)ဦး၊ ခြောက်ဘာသာ(၂)ဦး၊ စုစုပေါင်း(၁၈၅)ဦးအား  တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ကြကြောင်း သိရသည်။


သတင်း - သိန်းနုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)