သာစည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအလိုက်မဲ ရုံများလျာထားသတ်မှတ်နိုင်ရေးနှင့် လူဦးရေစာရင်းပါ အချက်အလက်များပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအလိုက်မဲ ရုံများလျာထားသတ်မှတ်နိုင်ရေးနှင့် လူဦးရေစာရင်းပါ အချက်အလက်များပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 




MNP - အောက်တိုဘာ   ၁၃


မန္တလေးတိုင်းဒေသကြီး၊   သာစည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအလိုက် မဲရုံများလျာထား သတ်မှတ်နိုင်ရေးနှင့်လူဦးရေစာရင်းပါ အချက် အလက်များ ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး  PR စနစ်အကြောင်း  ရှင်း လင်းဆွေးနွေးပွဲကို   ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က မြို့နယ်ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်ကအမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သာစည်မြို့နယ်ဦးစီးမှူး ရုံးမှ  မြို့နယ်ဦးစီးမှူးဦးမောင်မောင်က လူဦးရေစာရင်းများ ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ခြင်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။  ဆက်လက်ပြီးမိတ္ထီလာခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ရပ်ကွက်/ ကျေးရွာအလိုက်မဲရုံများ လျာထားသတ်မှတ်နိုင်ရေးဆွေးနွေးပြီး  PR စနစ်အကြောင်းကို ပရိုဂျက်တာဖြင့် ပြသရှင်းလင်းသည်။ ထို့နောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်အိမွန်ကျော်က လူဦးရေစာရင်းပါအချက်အလက်များပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ခြင်းများ ဆောင်ရွက်ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးသည်။ 


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)