အမရပူရမြို့နယ် တောတွင်ကျေးရွာ၌ ပန်းခင်းစီမံချက်အဆင့် ၂ ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်း နှင့် ၂၀၂၃ ခုနှစ်အတွက် မြေပြင်မဲစာရင်း မဲဆန္ဒရှင်မှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမရပူရမြို့နယ် တောတွင်ကျေးရွာ၌ ပန်းခင်းစီမံချက်အဆင့် ၂ ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်း နှင့် ၂၀၂၃ ခုနှစ်အတွက် မြေပြင်မဲစာရင်း မဲဆန္ဒရှင်မှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်



MNP - အောက်တိုဘာ   ၃


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တောတွင်ကျေးရွာအုပ်စု သူတောတွင်ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်တွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ အမရပူရမြို့နယ်ဦးစီးမှူးရုံးက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်မရှိသေးသော ကျေးရွာသူ၊ ကျေးရွာသားများကို ပန်းခင်းစီမံချက်အဆင့် ၂ ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ၂၀၂၃ ခုနှစ် မြေပြင်မဲစာရင်း မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။


ပန်းခင်းစီမံချက်အဆင့် ၂ ဖြင့် ဆောင်ရွက်သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းက မိမိတို့ဌာနအနေဖြင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလည်း တောတွင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဖိတ်ကြားချက်အရ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။


တောတွင် ကျေးရွာအုပ်စု၌နိုင်-၃ (က) နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား (၇၆) ဦး၊ မ(၈၁) ဦး၊ ပေါင်း (၁၅၇) ဦးနှင့် နိုင်-၆(က)အိမ်ထောင်စုစာရင်း ကျား (၂၀) ဦး၊ မ (၂၉ ) ဦး၊ ပေါင်း (၄၉) ဦးစုစုပေါင်း ကျား(၉၆)ဦး၊ မ(၁၁၀)ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မိဘပြည်သူများသို့ အသိ ပေးကြေငြာချက် လက်ကမ်းစာစောင် (၂၅၀) စောင်ကို ဖြန့်ဝေခြင်းနှင့် မြို့နယ်ကော်မရှင်က ပေးပို့လာသော တောတွင်ကျေးရွာအုပ်စု ရှိမဲစာရင်းများအား မြေပြင်မဲဆန္ဒရှင်စာရင်း ကိုက်ညီမှု ရှိရေးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။


သတင်း - စိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)