စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ခရီးသွားလုပ်ငန်းကော်မတီ၏ ၉/၂၀၂၂ ကြိမ်မြောက်အစည်းအဝေးနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ခရီးသွားလုပ်ငန်းကော်မတီ၏ ၉/၂၀၂၂ ကြိမ်မြောက်အစည်းအဝေးနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်




MNP - အောက်တိုဘာ   ၂၇


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထင်ရှား သည့်ခရီးစဉ်ဒေသများသို့ ပြည်တွင်း/ ပြည်ပခရီးသွားများ စိတ်အေးချမ်းသာစွာဖြင့် လာရောက် လည်ပတ်ကာ အလွှာအသီးသီးမှဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေ များရရှိစေရေးတို့အတွက် ရည်ရွယ်၍ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၉/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် အောင်မြင်စေရန် အတွက်ရည်ရွယ်၍ ကော်မတီများဖြစ်ကြသည့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ယခုလိုအစည်းအဝေး ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း လက်ရှိဖြစ်ပေါ်တိုးတက်နေမှုအခြေအနေ လိုအပ်ချက်များကိုသိရှိနိုင်ရန် ဖြည့်ဆည်းဆောင်ရွက် ပေးသင့်သည်များကို အစည်းအဝေးသို့ တက်ရောက်လာသူများက ပွင့်ပွင်းလင်းလင်း ဆွေးနွေး တင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများ နှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေ သကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ (၉/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးတွင် ကလေးမြို့ရှိ မြစ်သာရွှေရည်ဟိုတယ် သက်တမ်းတိုးခြင်းနှင့် ပိုင်ရှင်အမည်ပြောင်းခွင့်ပြုရေး၊ မုံရွာမြို့ရှိ ရွှေတောင်တန်း ၃ ဟိုတယ်သက်တမ်းတိုးဆောင်ရွက်ရေး၊ ၉/၂၀၂၂ လအတွင်း  ခရီးသွားဝင်ရောက်မှုအခြေအနေနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ 


အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ရိုးရာအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက် ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက မြန်မာ့သိုင်း ဗန်တို၊ဗန်ရှည်သရုပ်ပြသမှု၊ မြန်မာ့ရိုးရာခြင်းလုံးသရုပ်ပြမှုနှင့် စွန်လွှတ်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက် ပြိုင်ပွဲ၊ စကောရွက်အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲ၊ ထုတ်စည်းတိုးပြိုင်ပွဲ၊ သံပုရာသီးဇွန်းကိုက်အပြေးပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးကြသည်။


ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသား/ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊တတိယဆုရရှိကြသော ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ထုတ်စည်းတိုး ပြိုင်ပွဲများတွင်ဆုရရှိကြသော ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက မြန်မာ့သိုင်း ပြိုင်ပွဲများတွင်ဆုရရှိကြသော ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ များအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အမျိုးသားရိုးရာခြင်းပြိုင်ပွဲများတွင် ဆုရရှိကြသော ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုဆုတံဆိပ် နှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးဉာဏ်မြင့်ကျော်က စွန်လွှတ်ပြိုင်ပွဲများတွင် ဆုရရှိကြသောပြိုင်ပွဲဝင် အသင်းများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြ သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက အမျိုးသမီးအာလူးကောက် ပြိုင်ပွဲများတွင်ဆုရရှိကြသော ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအား လည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူး ဦးတိုးဝင်းက အမျိုးသမီးစကောရွက် ပြိုင်ပွဲများ တွင်ဆုရရှိကြသော ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအား လည်းကောင်း၊ ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းနိုင်က အမျိုးသား သံပုရာသီးဇွန်းကိုက် အပြေးပြိုင်ပွဲများတွင်ဆုရရှိကြသော ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုတံဆိပ် နှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက အမျိုးသားဂုံနီအိတ် စွပ်အပြေးပြိုင်ပွဲများတွင်ဆုရရှိကြသော ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ များအားလည်းကောင်း၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက မြန်မာ့သိုင်းအဖွဲ့နှင့် စွန်လွှတ်အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)