ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်မှ ချောင်းဆုံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်မှ ချောင်းဆုံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 



MNP - အောက်တိုဘာ   ၁၅


မွန်ပြည်နယ် ချောင်ဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၉)နာရီအချိန်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်မှ လာရောက်ပြီး ချောင်းဆုံမြို့နယ် ရပ်ကွက်/ကျေးရွာတွင် မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်း ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မွန်ပြည်နယ်တာဝန်ခံ ဦးသန်းဝင်းနှင့် ဒေါ်နုမြဇံတို့က ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး မဲဆန္ဒရှင်စာရင်းများ လူဦးရေစာရင်းမှန်ကန်စွာ စာရင်းကောက်ပြုစုပြီး စာရင်းကောက်ကျန်မှုမရှိစေရေး ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ (လဝက)ဦးစီးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိတို့က မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင် ခွင့်ရှိသည့် နိုင်ငံသား၊ နိုင်ငံသားခွင့်ပြုရသူများကို ဥပဒေနှင့်အညီ စာရင်းပြုစုထားရှိမှုအခြေအနေ၊ မဲစာရင်းမှန်ကန် မှုရှိစေရးအတွက် လူဦးရေစာရင်းများကို စနစ်တကျနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးထားရှိမှု အခြေအနေလျာထား မဲဆန္ဒရှင်စာရင်းနှင့် မဲရုံစာရင်းများလျာထားသတ်မှတ်ထားရှိမှု အခြေအနေနှင့် ရွေးကောက်ပွဲအတွက် လိုအပ်သည့် အထောက်အကူပစ္စည်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးတင်ပြခဲ့ကြသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုစာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)