၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိခဲ့ကြသော ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိခဲ့ကြသော ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

 



MNP - အောက်တိုဘာ   ၈


၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများဖြစ်သော ဘတ်စကက်ဘောပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဘိလိယက်/စနူကာ ပြိုင်ပွဲတို့တွင် ရွေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိခဲ့သည့် ရှမ်းပြည်နယ်ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ ရှမ်းပြည်နယ်ဂုဏ်ဆောင်အားကစားအသင်းများဖြစ်သည့် ဘတ်စကက်ဘောအသင်း၊ ကြက်တောင်အသင်း၊ စားပွဲတင်တင်းနစ်အသင်း၊ ဘိလိယက်/စနူကာ အသင်းတို့မှ အားကစားသမားတစ်ဦးချင်း မိတ်ဆက်ကြသည်။


ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲတွင် ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကိုပြတ်ပြတ်သားသားအနိုင်ရရှိကာ တံခွန်စိုက်ပထမဆုဖလားကြီး (၂)ခုကို ရရှိခဲ့သည့် ရှမ်းပြည်နယ် ဘတ်စကက်ဘောအသင်းနှင့် ရွေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိခဲ့သည့် ကြက်တောင်အသင်း၊ စားပွဲတင်တင်းနစ်အသင်းနှင့် ဘိလိယက်/စနူကာအသင်းတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသည့်  အခမ်းအနားဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော ရှမ်းပြည်နယ်အမျိုးသား ဘတ်စကက်ဘောအသင်းမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းထံ ဒိုင်းဆုအပ်နှံပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲတွင် ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးရာ အမျိုးသားငါးဦးတွဲပြိုင်ပွဲတွင် ရွှေတံဆိပ် (၁)ခု၊ အမျိုးသားသုံးဦးတွဲပြိုင်ပွဲတွင် ရွေတံဆိပ်ဆု (၁)ခုရရှိခဲ့သော ဘတ်စကက်ဘောအသင်းအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေးငွေကျပ် သိန်း(၃၄၀) ချီးမြှင့်ပေး၍လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲ၌ အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သော ရှမ်းပြည်နယ်အမျိုးသမီး ကြက်တောင်အသင်းအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေးငွေကျပ် (၁၅)သိန်း၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သော ကြက်တောင်အသင်းအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေးငွေကျပ် (၁၀)သိန်းတို့ကို ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၌ ရွှေတံဆိပ်ရရှိခဲ့သော မနိုင်နိုင်ဝင်းအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေးငွေကျပ်(၅)သိန်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခုရရှိခဲ့သောအသင်းအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေးငွေ ကျပ်(၉) သိန်း၊ အမျိုးသမီးနှစ်ဦးတွဲပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုရရှိခဲ့သောအသင်းအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေး ငွေကျပ်(၄)သိန်း၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုရရှိခဲ့သော မောင်မြတ်သူရလင်းအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေးငွေကျပ်(၂)သိန်း၊ အမျိုးသားအသင်းလိုက်(၃)ဦးပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုရှိခဲ့သော အသင်းအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေးငွေကျပ်(၆)သိန်းတို့ကို ပြည်နယ်လူမှုရေးရာဝန်ကြီးမှလည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်/ စနူကာပြိုင်ပွဲတွင် အမျိုးသားသမီးတစ်ဦးချင်း 9 Ball ပြိုင်ပွဲ၌ ရွှေတံဆိပ် (၁)ခုရရှိခဲ့သော မသင်းထက်ထက်နိုင်အား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေးငွေကျပ်(၅)သိန်း၊ အမျိုးသမီးနှစ်ဦးတွဲ 9Ball ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု (၁)ခုရရှိခဲ့သည့် အသင်းအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေးငွေကျပ်(၁၀)သိန်း၊ အမျိုးသားတစ်ဦးချင်း ဘိလိယက်ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သော မောင်ကျော်စိုးထွန်းအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေးငွေကျပ်(၃)သိန်းတို့ကို တိုင်းရင်းသားရေးရာဝန်ကြီးမှလည်းကောင်း၊ အမျိုးသားဘိလိယက်နှစ်ဦးတွဲပြိုင်ပွဲတွင် ငွေတံဆိပ်ဆု(၁)ခုရရှိခဲ့သော အသင်းအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေးငွေကျပ် (၆)သိန်း၊ အမျိုးသားတစ်ဦးချင်းဘိလိယက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု (၁)ခုရရှိခဲ့သော မောင်ကျော်စိုးလွင်အား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေးငွေကျပ်(၂)သိန်း၊ အမျိုးသားတစ်ဦးချင်း  9Ball ပြိုင်ပွဲတွင် ကြေး တံဆိပ်ဆု (၁)ခုရရှိခဲ့သော စိုင်းစုံစိုင်း အား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေးငွေကျပ်(၂)သိန်း၊ အမျိုးသားစနူကာ(6 Red) ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုရရှိခဲ့သော မောင်ဖီးအီးအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေးငွေကျပ်(၂)သိန်းတို့ကို ပြည်နယ်ဥပဒေချုပ်မှလည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကတ်ဘောပြိုင်ပွဲ၌ အမျိုးသမီးငါးဦးတွဲပြိုင်ပွဲတွင် ငွေတံဆိပ်(၁)ခု၊ သုံးဦးတွဲပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခုရရှိခဲ့သော အသင်းအားဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေးငွေကျပ် (၈၅)သိန်းကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးမြင့်ဆွေမှလည်းကောင်းအသီးသီးဆုများ ချီးမြှင့်ပေးကြသည်။


၎င်းနောက် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ ဖြစ်သော ဘတ်စကက်ဘောပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဘိလိယက်/စနူကာ ပြိုင်ပွဲတို့တွင် ရွေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိခဲ့သည့် ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများ ကိုယ်စားအားကစားသမား(၁)ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - အင်းသားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)