ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကော့ထော်ကျေးရွာအုပ်စု၊ အိမ်တိုင်ကုန်းကျေးရွာတွင် ဆန်၊ ဆီ၊ ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကော့ထော်ကျေးရွာအုပ်စု၊ အိမ်တိုင်ကုန်းကျေးရွာတွင် ဆန်၊ ဆီ၊ ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး



MNP - အောက်တိုဘာ  ၂၇


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်လမ်းညွှန်မှုဖြင့် ရပ်ကွက်၊ ကျေးရွာနေ ဒေသခံပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ သက်သာသော ဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ဘားအံ မြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ အိမ်တိုင်ကုန်းကျေးရွာတွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။


ထိုသို့ အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၅၀၀/-နှုန်းဖြင့် ဆန်(၂၀)အိတ်၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၁၅၀/-နှုန်းဖြင့် ကြက်ဥ(၁၂၀၀)လုံး၊ ဆီတစ်ဗူးလျှင် ငွေကျပ် ၂၆၀၀/-နှုန်းဖြင့် ဆီ(၆၀)ဗူး ကိုသက်သာသောဈေးနှုန်းဖြင့်  မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ အခြေခံစားသောက်ကုန်များအား ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ပြီး ဒေသခံပြည်သူများ စားဝတ်နေရေး ပြေလည်စေရေးဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)