လူဦးရေများ တိုက်ဆိုင်စစ်ဆေးမှု အခြေအနေနှင့် မဲရုံများ ပြန်လည်လျာထား သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူဦးရေများ တိုက်ဆိုင်စစ်ဆေးမှု အခြေအနေနှင့် မဲရုံများ ပြန်လည်လျာထား သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်



MNP - အောက်တိုဘာ   ၁၅


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက လဦးရေများ တိုက်ဆိုင်စစ်ဆေးမှု အခြေအနေနှင့်မဲရုံများ ပြန်လည်လျာထားသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။


အဆိုပါ အစည်းအဝေးတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူးဦးမြလှိုင်မှ လက်ရှိဆောင်ရွက်လျက်ရှိသော လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးမှုအခြေအနေ၊ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာမြို့နယ် ဦးစီးမှူးရုံးနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တို့မှပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့်မဲရုံများပြန်လည် လျာထားသတ်မှတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ကျော်ဝင်းမှ မဲရုံများလုံခြုံရေးအတွက် ပြောကြားပြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-ဗိုလ်မှူးကျော်ကျော်ဝင်းမှ မဲရုံများလုံခြုံရေးအတွက် ပြောကြားပြီးမြို့နယ် စီမံအုပ်ချုပိရေးအဖွဲ့၊ အဖွဲ့ဝင် ၃ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာမြို့နယ် ဦးစီးမှူး၊ ဦးတင်ဇော်လင်းမှ လူဦးရေစာရင်း ဆောင်ရွက်နေမှုအခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - ပြည့်ဖြိုးသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)