ဒိုက်ဦးမြို့နယ်၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၁၃


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း အောက်တိုဘာလ ၇ ရက်နေ့ညက တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ဒိုက်ဦးမြို့နယ်အတွင်းရှိ အချို့ကျေးရွာများ၌ လူနေအိမ်များ ပြိုကျပျက်စီးခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည်။


အဆိုပါ ပြိုကျပျက်စီးသွား သောအိမ်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပဲခူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမ၌ ပြုလုပ်ရာ ယင်းထောက်ပံ့ငွေနှင့် ပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လက်ခံရယူပြီးသက်ဆိုင်ရာ ကျေးရွာများသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။


ထို့သို့ လေပြင်းတိုက်ခတ်မှုကြောင့် သပြေတန်း၊ ဖောင်တော်သီ၊ ရှမ်းစု၊ ကတုတ်၊ ကံကလေးနှင့် ဖန်းခါးကွင်းကျေးရွာများမှ ပြိုကျပျက်စီးမိုးလန်သွား‌‌သော အိမ် ၁၆  လုံးအတွက် ထောက်ပံ့ငွေ ၁၂၆၀၀၀ဝိ/-ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ၁၅၇၅၀ဝိ/-ကျပ်၊ စုစုပေါင်း ၁၄၁၇၅၀ဝိ/- ကျပ်နှင့် ထောက်ပံ့ပစ္စည်း ၁၇  မျိုးတို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)