ဝါလကင်းလွတ်အခါသမယ မိုးကောင်းမြို့ဓလေ့ဖြစ်သည့် သတင်းကျွတ်လပြည့်ကျော်(၅)ရက် တောင်ပေါ် ဘုရားဖူးနေ့ ဘုရားဖူးသူများစည်ကား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဝါလကင်းလွတ်အခါသမယ မိုးကောင်းမြို့ဓလေ့ဖြစ်သည့် သတင်းကျွတ်လပြည့်ကျော်(၅)ရက် တောင်ပေါ် ဘုရားဖူးနေ့ ဘုရားဖူးသူများစည်ကား

 74

MNP - အောက်တိုဘာ   ၁၄


ဝါလကင်းလွတ်အခါသမယ အခြားမြို့နှင့်မတူ တစ်မူထူးခြားသည့် ကချင်ပြည်နယ် မိုးကောင်းမြို့၏ မြို့ဓလေ့ဖြစ်သည့် သတင်းကျွတ်လပြည့်ကျော်(၅)ရက် ယနေ့တွင် တောင်ပေါ်ဘုရားဖူးသူများ စည်းကား လျက်ရှိကြောင်း သိရသည်။


သတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ (၅)ရက်နေ့တွင်း မြို့ပေါ်၊ ကျေးရွာနှင့် တောင်ပေါ် ဘုရားဖူးကြ သည့် မိုးကောင်းမြို့၏ ရိုးရာဓလေ့တစ်ခုအဖြစ် နှစ်စဉ်ကျင်းပခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။


ကိုဗစ်ကာလဖြစ်၍ လူစုလူဝေးမဖြစ်စေရေး ဘုန်းကြီးကျောင်းများ ပိတ်ထားသော်လည်း မြို့၏ အရှေ့ဘက် ကမ္ဘာ့ငြိမ်းချမ်းရေးစေတီ၊ ပြည်တော်ဝန်ဆုတောင်းပြည့်စေတီ၊ ပုလွေတောင်ပေါ်ရှိ လေးကျွန်း မာန်အောင်ရွှေတိဂုံပုံတူဘုရားနှင့် အခြားတောင်ပေါ်ရှိစေတီငယ်များကို မြို့ပေါ်နှင့် ကျေးရွာအသီးသီးတို့မှ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် မိသားစုဖြင့်သော်လည်းကောင်း၊ အပေါင်း အသင်းဖြင့်သော်လည်းကောင်း ကား၊ ဆိုင်ကယ်စသည့် ယာဉ်မျိုးစုံဖြင့် လာရောက်ဖူးမျှော် ကန်တော့ခြင်းဖြစ်သည်။


ထိုသို့လာရောက် ကန်တော့ကြရာတွင် အချို့က အလှူရှင်များ၏ မုန့်လက်ဆောင်း၊ ကြာဇံချက်နှင့် ဖျော်ရည်မျိုးစုံတို့ကို စတုဒီတာကျွေးမွေးဧည့်ခံမှုကို သုံးဆောင်ကြပြီး အချို့က မိမိအစီအစဉ်ဖြင့် အိမ်မှ ပြင်ဆင်လာသော အစားအစာများနှင့် တောင်ပေါ်ဘုရားရှိစောင်းတန်းများ၊ ထည်ဝါသော သစ်ပင်အရိပ် တို့၌ များစွာသော ပြည်သူအပေါင်းတို့က အနားယူအပန်းဖြေကြကြောင်း သိရသည်။


သတင်း - သန်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages