စက်တပ်ရေယာဉ်ပိုင်ရှင်များနှင့် လုပ်သားများအား ရေယာဉ်မီးဘေးလုံခြုံရေးနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး အသိပညာပေးဟောပြောဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်တပ်ရေယာဉ်ပိုင်ရှင်များနှင့် လုပ်သားများအား ရေယာဉ်မီးဘေးလုံခြုံရေးနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

 


MNP - အောက်တိုဘာ  ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျိုက်လတ်မြို့နယ်အတွင်းရှိ စက်တပ်ရေယာဉ်ပိုင်ရှင်များနှင့် လုပ်သားများအား ရေယာဉ်မီးဘေးလုံခြုံရေးနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အတွင်း ပြေးဆွဲနေသည့် ရေယာဉ်များအနေဖြင့် တရားဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းများ သယ်ဆောင်ခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ ရေယာဉ်တွင် ပါရှိရမည့် စာရွက်စာတမ်း အထောက်အထား များ ပြည့်စုံစွာ ပါရှိရမည်ဖြစ်ကြောင်း၊ ရေယာဉ်ကြံ့ခိုင်မှုရှိစေရန် မထွက်ခွာမီ စစ်ဆေးရမည်ဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးထက်နိုင်အောင်က မီးဘေးလုံခြုံရေး နှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ လက်ထောက်ဦးစီးမှူး ဦးချစ်ကိုကိုဝင်းက ရှာဖွေ ကယ်ဆယ်ရေးနှင့် ပတ်သက်သည့် နည်းလမ်းများအားလည်းကောင်း၊ မြို့နယ် ရ.စ.ကမှ ဦးစိန်သန်းက မြင်းကောင်ရေ (၂၀)အောက် စက်တပ်ရေယာဉ်များနှင့် ပတ်သက်၍ စနစ်တကျ ပြေးဆွဲမောင်းနှင်နိုင်ရန်တို့ကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တက်ရောက်လာကြသူ များအား မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးတို့ကို လက်တွေ့သရုပ်ပြခဲ့ကြကြောင်း သိရသည်။


အဆိုပါ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊   မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ် ရ-စ-က မှ အဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအသီးသီးမှ ရေယာဉ်ပိုင်ရှင်များနှင့် လုပ်သားများ တက်ရောက်ခဲ့ကြပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး လက်တွေ့သရုပ်ပြခြင်းကို ပြည်သူများနှင့် အတူပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ရီရီမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)