တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့





MNP ၊ အောက်တိုဘာ ၆

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဝန်ထမ်းမိသားစုဝင်များ၏ သားသမီးများအား ပညာရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရေးအတွက် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးရခြင်း ဖြစ်ပါကြောင်း၊ မိဘများအား မှာကြားလိုသည်မှာ မိမိတို့၏သားသမီးများကို အဓိကအားဖြင့် ပညာအမွေပေးကြစေလိုပါကြောင်း၊ ထို့အတူ ပေါင်းသင်းဆက်ဆံရေးတွင် လူတိုင်းနှင့် သဟဇာတဖြစ်စေရန်၊ ရည်မှန်းချက်ထားရှိတတ်သူဖြစ်စေရန်၊ သဘောထားကြီးသူဖြစ်စေရန်၊ မနာလိုစိတ်ကင်းစေရန်၊ မျှဝေတတ်စေရန်၊ ကူညီတတ်စေရန်၊ စည်းကမ်းရှိစေရန်၊ အကျင့် စာရိတ္တကောင်းမွန်သူဖြစ်စေရန်၊ ကြိုးစားတတ်သူဖြစ်စေရန်အတွက် ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ပညာကို အရွယ်မရွေး လေ့လာလိုက်စားကြစေလိုပါကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ကျောင်းသုံးဗလာစာအုပ်များကို ပေးအပ်ရာ ကျောင်းသားမိဘများကိုယ်စား ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးတို့က လက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)