လှိုင်းဘွဲမြို့နယ်၌ ဘားအံခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်း အခမ်းအနားဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ်၌ ဘားအံခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်း အခမ်းအနားဖွင့်လှစ်



MNP - အောက်တိုဘာ   ၃


ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၌ ဘားအံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်း အခမ်းအနားဖွင့်လှစ်ရာ ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဇော်၊ လှိုင်းဘွဲမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ လှိုင်းဘွဲမြို့နယ်ရဲမှူးသိန်းထွန်း၊ ဌာနဆိုင်ရာများ၊ သင်တန်း နည်းပြနှင့် သင်တန်း သားများတက်ရောက်ကြကြောင်းသိရသည်။


အခမ်းအနားတွင် ဘားအံခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဇော်မှ “သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်ကချမှတ်ထားတဲ့ မူဝါဒပန်းတိုင်ရည်မှန်းချက်များဖြစ်သောမြို့ပြနှင့်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကွာဟမှု ကျဉ်းမြောင်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့် ရည်မှန်းချက်များနှင့် အညီ ကျေးလက်ထုတ်ကုန်၊ လမ်းတံတားနှင့် ကျေးလက်ရေရရှိရေး အခြေခံအဆောက်အအုံများ ကောင်းမွန် တိုးတက်လာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးတို့အတွက် နိုင်ငံတော်အဆင့် အဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ Cash For Work စီမံကိန်း၊ Smart Village စီမံကိန်းနှင့် ကျေးလက်ဒေသစီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းစီမံကိန်း(RBF)များကို နှစ်စဉ်သတ်မှတ်လျာထား အကောင် အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိပြီး သင်တန်းသားများအနေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းအားတတ်မြောက်နိုင်ရန်အတွက် စနစ်တကျ လေ့လာသင်ယူ ကြရန်လိုအပ် ကြောင်း” အဖွင့်အမှာစကားပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းမှ သင်တန်းအတွက်လိုအပ်သော သင်ထောက်ကူ ပစ္စည်းများပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းကို အောက်တိုဘာလ (၃)ရက်နေ့မှ နိုဝင်ဘာလ (၃)ရက် နေ့အထိ တစ်လတိတိသင်ကြား ပေးသွားမည်ဖြစ်ပြီး စုစုပေါင်းသင်တန်းသား (၂၁)ဦး တက်ရောက် သင်ကြားကြောင်း သိရသည်။


သတင်း - စောဖိုးခွား


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)