ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်၊ အထက(၂)ကျောင်း အနောက်ဘက်လမ်းကြားအတွင်း သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်၊ အထက(၂)ကျောင်း အနောက်ဘက်လမ်းကြားအတွင်း သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 


MNP - အောက်တိုဘာ  ၁၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့ နံနက် ၇ နာရီခွဲက ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်၊ အထက(၂)ကျောင်းအနောက်ဘက်လမ်းကြားတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ ကျေးရွာနေပြည်သူများစုပေါင်း၍ အထက(၂)ကျောင်းအနောက်ဘက်လမ်း တစ်လျောက်ရှိ  ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး အမှိုက်များအား ဆယ်ယူရှင်းလင်းခြင်း၊ ပန်းခုံများအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်းနှင့် စုပေါင်း အမှိုက်ကောက်ခြင်းများ ဆောင်ရွက်နေမှုအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။


ကျိုင်းတုံမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ လျော့နည်းပပျောက်စေရေးနှင့် ရောဂါပိုးမွှားကင်းစင်စေရေးအတွက်  စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ကျော်စိန်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)